(Unicode)
အခက်အခဲများစွာနဲ့ပင် ယွန်းဂီလည်း စာပေးပွဲကိုဖြေဆိုပြီးစီးသွားခဲ့တယ်...။ ဂျီမင်းရဲ့ကျေးဇူးကြောင့် စာလေ့လာရာမှာ အများကြီးအထောက်အကူပြုတယ်...။ ယွန်းဂီကတော့ အထက်တန်းအမြန်ပြီးဖို့ကိုပဲ စိတ်စောနေတဲ့သူမို့ စာမေးပွဲဖြေဆိုပြီးတာက သူ့အတွက်အပူတစ်ခု ငြိမ်းသွားသလိုပါပဲ...။
ယွန်းဂီစဉ်းစားထားတာကတော့ သူ့အလှည့်ပြီးတာနဲ့ ထယ်ယောင်းကို အထက်တန်းပြန်တက်ဖို့ အချိန်ပေးမယ်လို့လေ...။ ကလေးကြောင့်ကျောင်းနားရတာက ထယ်ယောင်းအတွက် မတရားဘူးမလား...။ ဒါကြောင့် ဒီနေ့မှာတော့ ထယ်ယောင်းနဲ့တိုင်ပင်ကြဖို့ ဆုံးဖြတ်လိုက်တော့တယ်...။
"ယောင်း နိုးလာပြီလား... မနက်စာလာစားလေ"
"ဟုတ်ကဲ့"
ကျောင်းပိတ်သွားတာကြောင့် ယွန်းဂီအတွက် မိသားစုကိုပေးရတဲ့အချိန်တွေ ပိုရရှိလာတယ်...။ အချိန်ပိုင်းအလုပ်က နေ့လည်ကျမှသွားရတာမို့ မနက်ပိုင်းကိုတော့ ထယ်ယောင်းနဲ့အတူတူ ကလေးထိန်းပေးတာရော အိမ်အလုပ်ဝိုင်းလုပ်ပေးတာရော လုပ်ဖြစ်တယ်...။
"ယောင်း ကိုယ်တို့အနာဂတ်အတွက် နည်းနည်းလောက်တိုင်ပင်ကြရအောင်"
"အာ... ယောင်းလည်း အဲ့ဒါပြောချင်နေတာ... အရင်ရက်တွေက ယောင်္ကျားကလည်း စာမေးပွဲရှိနေတာဆိုတော့ မပြောဖြစ်တာလေ"
မနက်စာစားနေရင်းနဲ့ ပြန်ပြောလာတဲ့ထယ်ယောင်းကြောင့် ယွန်းဂီလည်းပြုံးလိုက်မိတယ်...။ သူတို့နှစ်ယောက်က စိတ်ချင်းတိုက်ဆိုင်နေတာပဲ...။
"ဟုတ်ပါပြီ... အဲ့ဒါဆို ယောင်းစဉ်းစားထားတာကိုပြောပါဦး"
"ယောင်း သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်... အနုပညာသင်တန်းတွေ ဖွင့်ထားတာရှိတယ်လေ... အဲ့ဒါသွားတက်ချင်လို့"
ထယ်ယောင်းဆီကနေ မထင်မှတ်ထားတဲ့စကားကြောင့် ယွန်းဂီအံ့ဩသွားလေတယ်...။ ထယ်ယောင်းက ကျောင်းမှာဆိုလည်း ပြဇာတ်တိုက်တာတွေရှ်ိရင် အမြဲပါတတ်တယ်ဆိုပေမယ့် အခုလောက်ထိ ရည်မှန်းချက်ကြီးမားမယ်လို့ ထင်မှမထားတာ...။
YOU ARE READING
Unstoppable Marriage (Completed)
FanfictionA successful marriage requires falling in love many times, always with the same person. But if not, become unstoppable marriage.