1🥀

560 49 29
                                    

Second year of law

ရုတ်တရက်လန့်နိုးလာခြင်းနှင့်အတူ ‌ဒုတိယနှစ်ရဲ့ပထမရက်ဆိုသောအသိကြောင့် ကမန်းကတန်းပြင်ဆင်ကာ လွယ်အိတ်ဆွဲလျက် အဆောင်မှပြေးကာထွက်လာခဲ့သည်။

"ဟိုးထား ဘရို အရှိန်လျှော့ပါအုန်း"

တဟုန်ထိုးပြေးထွက်လာခဲ့သော်လည်း ကျောင်းဆောင်ရှေ့ရောက်မှ သကောင့်သားနှစ်ယောက်၏ တားစီးခြင်းကို ခံလိုက်ရသဖြင့် သိပ်တော့ မကျေနပ်..

"ဘာလဲ? ဖယ်တော့ အတန်းတက်မလို့"

"Ohh..Hoo Norawit လာစမ်းပါ ပထမရက်ကြီးသွားထိုင်မလို့လား မင်းဘဲသူတော်ကောင်းလုပ်နေ"

Jimmy စကားကို ထောက်ခံလာတဲ့ Phuwinကတော့ ခေါင်းတစ်ငြိမ့်ငြိမ့်..

"နေစမ်းပါ ငါမသွားချင်ဘူး ပထမနှစ်ကလဲ ကပ်သီလေးအောင်လာတာ ဒီနှစ်တော့ စာသေချာပြန်လုပ်ကြည့်မလို့"

"ဟမ် မင်းကစာသေချာပြန်လုပ်မယ်???"

မျက်ခုံးတစ်ဖက်ပင့်ကာဆရာကြီးဆိုဒ်ဖြင့် ပုခုံးကိုလှမ်းဖက်ကာမေးသော Phuwin မှာသူ့အားမယုံကြည်သလို ယုံကြည်သလိုမျက်နှာဘေးတစ်ဝက်စီပေါ်လွင်လျက်..

"ဖယ်စမ်းပါ ယုံချင်ယုံ မယုံချင်နေကြ"

လက်ကိုဖယ်ချရင်းအခန်းဆီဦးတည်ဖို့လုပ်တော့ နောက်ထပ်ပေါ်လို့လာတဲ့အနှောင့်အယှက်တစ်ခုဟာ ပိုပြီးစိတ်ရှုပ်သွားစေသလို..

"Gemini မင်းမနက်စာ မစားရသေးဘူးမို့လား ငါမင်းအတွက်လုပ်လာတာ ဟို မင်းစိတ်မရှိရင် လက်ခံပေး..."

"ငါစားပြီးပြီ ဖယ်တော့"

အရှေ့မှပိတ်ရပ်နေသောကောင်လေးအား ပုခုံးစွန်းကိုကိုင်ကာ တွန်းဖယ်လျက် မူလဦးတည်ချက်ရှိရာ အခန်းဆီသာ ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည်။

အနောက်ဘက်မှကျန်ခဲ့တဲ့နှစ်ယောက်ဟာလည်း လျင်မြန်စွာသူ့အနောက်သို့ပြေးလိုက်လာခဲ့လျက် အားနာစရာကောင်းကြောင်း..လက်ခံလိုက်သင့်ကြောင်းများအား တရားလာချပြန်၏။

"မင်းကွာ Fourth သနားပါတယ် အဲ့လိုမလုပ်ပါနဲ့"

"ဟုတ်ပါတယ် သူမင်းကိုအထက်တန်းတည်းက လိုက်နေတာ မင်းနည်းနည်းလောက်တော့အရေးပေးသင့်တာပေါ့"

𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽Where stories live. Discover now