2🥀

230 35 11
                                    

"တစ်ခုခုလုပ်ချင်တာရှိလား Fourth"

Allyအမေးကြောင့်ခေါင်းခါပြလိုက်ရင်း ထိုကောင်မလေး၏ပုခုံးလေးပေါ်ခေါင်းမှီကာ မဖြစ်နိုင်တော့တဲ့အတွေးတွေကိုနယ်ချဲ့လျက် ပြုံးမိသည်။

"တစ်နေရာရာသွားမလား ငါတို့စာကြည့်တိုက်သွားမယ်လေ စာဖတ်မလား"

"စာကြည့်တိုက်မှာ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းစာအုပ်မျိုးရှိလား Ally"

"နင်ဖတ်ချင်ရင်ငါရှာပေးမယ်လေ သွားကြမလား"

"အွန်း"

မတ်တပ်ရပ်ကာလက်ကမ်းပေးလာသော Allyလက်များအား ဆုပ်ကိုင်လျက် အားယူထလိုက်ပြီးနောက် စာကြည့်တိုက်ဘက်သို့သာဦးတည်ချက်ပြုရင်း....

...................
အမြဲတစေလူမပြတ်ရှိနေတတ်သော တက္ကသိုလ်ရဲ့ စာကြည့်တိုက်ကြီးဟာ ဒီနှစ်မှာမှ ပို၍ပင်တောက်ပနေသယောင်ထင်မှတ်ရ၏။

စိတ်ကူးယဉ်ဆန်ဆန်ရှာပေးမယ်ဟုဆိုကာ ဆွဲခေါ်သွားသော သူငယ်ချင်းမလေးကြောင့် အူတူတူပုံစံဖြင့်သာ လိုက်ပါလာခဲ့ရင်း..

"ဒီဟာလေးကော အင်း သိပ်တော့မကောင်းဘူး တစ်ခြားဟာရှာပေးမယ်"

သွက်သွက်လက်လက်နှင့် အမြဲတမ်းတက်ကြွနေသော Allyဟာသူ့ပုံစံလေးနှင့်သူတော့ လူချစ်လူခင်ပေါသူတစ်ဦးသာ...စာအုပ်ရှာနေသည့် Allyနားတွင်သာ ယောင်လည်လည်ဖြင့် စာအုပ်အချို့အား လျှောက်ကြည့်မိသည်။

စာအုပ်အပေါ်စိတ်ဝင်တစားရှိနေတုန်း ရုတ်တရက်လူတစ်ယောက်နဲ့ဝင်တိုက်မိတာကြောင့် ပြာပြာသလဲလဲတောင်းပန်ကာမော့‌ကြည့်လိုက်မိတော့ မထင်မမှတ်ထားတဲ့ထပ်မံတွေ့ဆုံမှု...

"Gemini...ငါတောင်းပန်ပါတယ် ဟို မမြင်မိလိုက်လို့ပါ"

နီးကပ်နေသောခန္ဓာကိုယ်နှစ်ခုရဲ့အငွေ့အသက်တွေဟာ သူ့ကိုရင်ခုန်မှုတွေတိုးစေသလို...

"အင်း ရပါတယ်"

"Hey! Gemini နင်စာအုပ်ရပြီလား "

Gemini ရဲ့အနောက်ဘက်က‌ထွက်ပေါ်လာတဲ့အသံလှလှလေး..ဒီအသံကိုတရင်းတနှီးကြားဖူးသလိုရှိတော့ မသိမသာစပ်စုလိုက်သည်။

𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽Where stories live. Discover now