တစ်ဖြည်းဖြည်းပြောင်းလဲလာတဲ့အချိန်တွေ....
မျက်နှာထက်ရိုက်ခတ်လာတဲ့ခပ်အေးအေးလေပြေလေးကြောင့် ပြုံးမိသည်။
"Hey.! Gemini"
တစ်ဖက်တစ်ချက်ကထွက်ပေါ်လာတဲ့အသံလှလှလေးကြောင့် လှည့်ကြည့်မိခဲ့၏..သိပ်လှတဲ့ဒီကောင်မလေးဟာဝတ်ထားသည့်ဘွဲ့ဝတ်စုံလေးနဲ့လိုက်ဖက်စွာ...
ပျားရည်လိုချိုမြမြအပြုံးပန်းလေးနဲ့သူ့အနားကိုလျှောက်လာရင်း သူ့လက်ကိုဆုပ်ကိုင်လာခဲ့တော့.. နူးညံ့တဲ့အထိအတွေ့လေးဟာသူ့ရင်ခုန်နှုန်းကိုမြန်ဆန်လာစေသလို..
" Congratulations! ငါ့ရဲ့ရှေ့နေသူငယ်ချင်းလေး"
သူမစကားကိုသဘောကျဟန်..အသံထွက်အောင်ရယ်လိုက်ရင်း ခေါင်းငြိမ့်ပြလျက်..
"မင်းရောဘဲနော် ငါတို့ရဲ့ရှေ့နေချောချောလေး"
ပုံသွင်းထားတဲ့နီညိုရောင်ဆံကေသာလေးကို ခပ်ဖြည်းဖြည်းထိုးဖွတော့ စိတ်ဆိုးသည့်ပုံစံလေးဖြင့် သူ့လက်ကိုဖယ်ကာ..
"နင်နော် ငါဒီဆံပင်အတွက်အချိန်တွေအများကြီးပေးထားရတာဟဲ့ P'Tuနဲ့တိုင်မှာနော် ဟွန့်"
"အေးပါ စိတ်ကလဲကြီးသေး ငါဆီလာတာ နင့်အပိုင်လေးရောမပါဘူးလား"
"ပါတာပေါ့ ဟိုမှာ"
ပါမောက္ခအချို့နဲ့ စကားဝိုင်းတစ်ခုမှာရှိနေတဲ့ ကောင်မလေးတစ်ယောက်အား လက်ညိုးထိုးကာပြသည်..
"ငါသွားတော့မယ် နောက်မှတွေ့မယ်နော် Gemini"
"အွန်း တာ့တာ"
နှုတ်ဆက်လျက် စကားဝိုင်းရှိကောင်မလေးဆီသို့ပြေးထွက်သွားလေတဲ့ ထိုအမျိုးသမီးလေးဆီမှ စေ့စပ်လက်စွပ်ရဲ့ရောင်ပြန်ဟာ သူ့မျက်စိကိုတောင် စူးသွားစေ၏....
သက်ဆိုင်သူရှိနေသည့်ကောင်မလေးအားတစ်ချိန်လုံးကြိုက်နေမိခဲ့သော သူ့အဖြစ်ကိုပြန်တွေးကြည့်ရင် ရှက်စရာတောင်ဖြစ်နေသလိုလို...
အထက်တန်းတည်းက prim၏လက်သန်းကြွယ်တွင် နေရာယူထားခဲ့သည့်စေ့စပ်လက်စွပ်လေးကို သူ့ခမျာ ကြိုက်လို့စွပ်ထားသည်အထင်ဖြင့် အမှုမဲ့အမှတ်မဲ့သာ နေလိုက်မိခဲ့၏...
YOU ARE READING
𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽
Fanfictionဒီပြိုင်ပွဲမှာ ငါဟာအရှုံးသမားဖြစ်ခဲ့သလို မင်းကလည်းအောင်နိုင်သူမဟုတ်ခဲ့ဘူး......