4🥀

233 35 13
                                    

တက္ကသိုလ်ဝင်းကြီးအတွင်း ဆူညံသွားတဲ့ ambulanceအသံတွေနဲ့အတူ တဖြည်းဖြည်းစုရုံးလာသောလူတစ်ချို့...

"Fourth Fourth ရေ သူငယ်ချင်းလေး သတိထားပါအုန်း!!"

Allyတစ်‌ယောက်မျက်ရည်စတွေဖြင့် Fourth အားတင်ဆောင်သွားရာခုတင်နောက်သို့ လိုက်ရင်း ပါးစပ်မှလည်း နာမည်လေးအား အကြိမ်ကြိမ်အခါခါခေါ်လျက်....

ရှေ့တွင်ဖြစ်ပျက်နေသောရုတ်ရုတ်သဲသဲ မြင်ကွင်းကြီးအား ကြည့်ရင်း Gemini တစ်ယောက် တစ်ယောက်တည်းကြောင်အကာ Canteenရှေ့၌ ရပ်နေမိသည်။

မကြာပါ..ထွက်ခွာသွားသည့် ambulance ‌နှင့်အတူ စုအုံနေသော လူများလည်း သွားလိုရာသို့အလျှိုလျှိုထွက်သွားကြ၏..

ဘာပြဿနာမှန်းလဲမသိတော့ သာမန်ပါဘဲဟုတွေးတောကာ အဆောင်ဘက်သို့ခြေဦးလှည့်လျက်သာ...

..........................The Next Day.....................

သာမန်အတိုင်းပင် နိုးထကာ ပြင်ဆင်ပြီးနောက်အတန်းတက်ဖို့ရာ ထွက်လာခဲ့လိုက်သည်...

"Hey Norawit မင်းသတင်းကြားပြီးပြီလား?"

ပုခုံးပေါ်သို့ရောက်လာသည့်လက်တစ်ဖက်နှင့်အတူ မေးခွန်းတစ်ချို့ကိုမေးလာသော Jimmyမျက်ခုံးပင့်ပြလျက် မသိကြောင်း ခေါင်းခါပြလိုက်တော့ ထူးဆန်းသလိုကြည့်လာခဲ့တဲ့ထိုကောင်..

"အတည်ကြီးလား? ဒီလောက်ထိ popularဖြစ်သွားတဲ့သတင်းကြီးလေ"

"အော် မနေ့ကလူအုပ်ကိုပြောတာလား မြင်တော့မြင်လိုက်ပေမဲ့ ဘာမှန်းမှမသိတာ"

ခုထိကိုပင် အူလည်လည်ဖြင့် ကြောင်ကြည့်နေသော Gemini ကိုကြည့်ရင်း jimmyခေါင်းသာခါလိုက်မိသည်..

"ကဲ မသိသေးရင်လဲ သေချာလေးနားထောင် မင်းကိုကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဟိုကလေးလေ Fourth‌လေးမနေ့ကမေ့လဲသွားလို့တဲ့ အခုထိသတိမရသေးဘူးပြောတယ်"

"ဟမ်?"

"အေး မင်းတော့စိတ်အနှောင့်အယှက်ကင်းပြီထင်တယ် ဟိုမှာလာနေတဲ့ မင်းရဲ့ချစ်ရပါသော မမလေးprimနဲ့အေးဆေးနေလိုက်ကြပါအုန်းခမျ"

ရှေ့ဘက်တွင်လျှောက်လာသည့် primဘက်သို့ ကြည့်လျက် မေးငေါ့ပြကာ ထွက်သွားခဲ့သော Jimmy..

𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽Where stories live. Discover now