တစ်ဝိုင်းလုံးရဲ့ ကောင်းမှုကြောင့် Gemini တစ်ယောက်မသွားချင်လဲ သွားရတော့မည့်အခြေအနေ...
ထိုင်နေရာမှထလျက် နှစ်ဝိုင်းကျော်လောက်တွင်ထိုင်ကာ ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေခဲ့သော Fourth ဆီသို့ခြေလှမ်းများဟာ ဦးတည်ရင်း...
"Hello"
ပုခုံးစွန်းကိုနှစ်ချက်မျှပုတ်လိုက်ကာ စကားစတော့ သူ့ဘက်သို့လှည့်လာသည့် ထိုကောင်လေး...
"ဟမ် Gemini.! "
သူ့ကိုတွေ့တော့ အံ့ဩသွားပုံရတဲ့မျက်နှာလေးကြောင့် ရယ်ချင်စိတ်ဖြစ်မိသော်ငြား..မရယ်မိအောင်ထိန်းလျက် Phuwin မေးခိုင်းသော မေးခွန်းအား ဆိုလိုက်သည်။
"မင်း...ဘယ်တုန်းကပြန်ရောက်တာလဲ"
"ငါ ငါ့ကိုမေးနေတာလားဟင်"
တဖြည်းဖြည်းတုန်ယင်လာတဲ့ လေသံလေးကြောင့် သူ့စိတ်ထဲတွင်လန့်တောင်လန့်မိ၏...မော့ကြည့်နေတဲ့ မျက်ဝန်းလေးထဲ မျက်ရည်စအချို့လေးကို မြင်လိုက်ရသလို
လွတ်ရာခုံတစ်ခုတွင် ဝင်ထိုင်လိုက်ရင်း.....
"အေးပေါ့ မင်းနဲ့စကားပြောနေတာ မင်းကိုမမေးတော့ သူ့ကိုမေးရမှာလား"
ဘေးနားတွင်ထိုင်နေသောကောင်မလေးအား ထိုးပြလျက်ဆိုတော့ အငိုမျက်လုံးအပြုံးမျက်နှာလေးဖြင့် ပြုံးပြလျက်..
"ဟီး ငါမနက်ကမှပြန်ရောက်တာပါ ဟို ငါ့ကိုမှတ် မှတ်မိတာလား"
"အင်း လို့ဘဲပြောရမလား ဟိုဘက်မှာ Phuwin တို့ပါတယ် လိုက်ခဲ့ချင်လား?"
သူတို့အားစိတ်ဝင်တစားဖြင့်စိုက်ကြည့်နေသည့် ဝိုင်းဘက်သို့ညွှန်ပြလိုက်တော့ ခေါင်းငြိမ့်လာသည်။
"လိုက်ခဲ့လေ အော် ဟိုတစ်ယောက် မင်းလဲလိုက်ခဲ့".
သူ့ကိုမျက်စောင်းထိုးနေသော ကောင်မလေးအားလှမ်းပြောရင်း မူလဝိုင်းဆီသို့ပြန်ထလာခဲ့သည်..နောက်ကလူနှစ်ယောက်ကတော့ အပိုပါလာသည်ပေါ့...
"Phuwin!!!"
Gemini ကိုတွေ့စဉ်က ကျလုဆဲဆဲမျက်ရည်လေးဟာ သူ့အကိုတွေနဲ့တွေ့ဆုံကာမှ ထိန်းမနိုင်စွာ စီးကျလာခဲ့သည်။
YOU ARE READING
𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽
Fanfictionဒီပြိုင်ပွဲမှာ ငါဟာအရှုံးသမားဖြစ်ခဲ့သလို မင်းကလည်းအောင်နိုင်သူမဟုတ်ခဲ့ဘူး......