"လူနာက စိတ်ကျရောဂါရှိပါတယ်"
Doctorဟာထိုသို့ဆိုရင်း Allyဘက်သို့လှည့်ကာ..
"လူနာရှင်က လူနာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ် အဲ့တာကြောင့် သူဝမ်းနည်းစေမဲ့အရာမှန်သမျှကို အထူးသတိထားပြီးရှောင်ကျဉ်ပေးပါ နောက်ပြီး လူနာကိုစိတ်ချမ်းသာအောင်ထားပါ အဲ့တာက ရောဂါပြန်ကောင်းဖို့အတွက်အထောက်အကူဖြစ်စေလိမ့်မယ်"
Allyမှာနားထောင်လျက် ခေါင်းငြိမ့်ပြလိုက်တော့ Doctor ဟာ Fourth ဘက်သို့ပြန်လှည့်ရင်း မှာစရာအချို့ကိုမှာကာ အခန်းပြင်သို့ထွက်သွားခဲ့သည်။
"Fourth ငါတို့ မိဘတွေရှိတဲ့ Usကိုပြောင်းရအောင်"
ခုံတွင်ဝင်ထိုင်ပြီးနောက် သူ့လက်ကိုခပ်ဖွဖွဆုပ်ကိုင်၍ဆိုလာသည့် Allyစကားများအား ငြင်းပယ်လိုက်သလို ခေါင်းခါပြလိုက်၏။
"ဘာလို့လဲ ခုဏကဆရာဝန်ပြောသွားတယ်လေ နင့်ကိုစိတ်ချမ်းသာအောင်ထားရမယ်လို့ နင်ဒီမှာနေရင်တော့ ကျက်သရေတုံးတစ်ကောင်ကြောင့် ပျော်မှာမဟုတ်ဘူး"
နောက်ဆုံးစကားတွင် အံ့ကိုကြိတ်ကာ Gemini ဘက်သို့မျက်စောင်းထိုးလျက် ဆိုလိုက်သော Ally..
"ဟင့်အင်း ဒီမှာဘဲနေပါရစေ Usမှာက အပေါင်းအသင်းမရှိဘူး ဒီမှာကအများကြီးလေ ငါဒီမှာဘဲနေသားကျပါတယ်"
တိတ်ဆိတ်လျက်ရှိနေသောနှစ်ယောက်...Phuwinမှာ Gemini နားသို့သွားကာ စကားအချို့ကိုဆိုလိုက်သည်။
"Gemini ငါဖိအားပေးတာတော့မဟုတ်ဘူး ဒီကိစ္စကဘယ်လိုဖြစ်သွားရတယ်ဆိုတာကို ကာယကံရှင်ဖြစ်တဲ့မင်းကအသိဆုံးပါ အဲ့တာကြောင့် ဖြစ်နိုင်ရင် အဲ့ကလေးနဲ့ဝေးဝေးနေလိုက်တာကသင့်တော်မယ်"
"ဘာ? ဝေးဝေးနေရမယ် ငါကလိုက်ကပ်နေတာမှမဟုတ်တာ"
"ငါပြောချင်တာက မင်းနဲ့primတို့တွဲသွားတွဲလာလုပ်နေတာကို အဲ့ကလေးမမြင်အောင်ရှောင်လို့ပြောတာ"
"ကျစ်! ဘာမှလဲမဆိုင်ဘဲနဲ့ မမြင်ချင်ရင်သူ့ဘာသာမျက်စိလွဲလို့ရတာဘဲ ငါတို့ကလဲအချိန်ပြည့်ပူးကပ်နေကြတာမှမဟုတ်တာ သူကိုကအရမ်းပိုနေတာ"
YOU ARE READING
𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽
Fanfictionဒီပြိုင်ပွဲမှာ ငါဟာအရှုံးသမားဖြစ်ခဲ့သလို မင်းကလည်းအောင်နိုင်သူမဟုတ်ခဲ့ဘူး......