9🥀(final)

262 30 12
                                    

တဖြည်းဖြည်းအုံ့မှိုင်းလာတဲ့ကောင်းကင်ကြီးကိုမော့ကြည့်မိသည်...အုပ်စုလိုက်ဝိုင်းဖွဲ့ကာ စားသောက်ကြပြီး အသီးသီးအိမ်ပြန်သွားခဲ့ကြသလို "ကိစ္စရှိလို့ခဏနော်"ဟုဆိုလျက် ထွက်သွားခဲ့သော Allyတစ်ယောက်လည်း အခုထိကိုပြန်မရောက်လာခဲ့...

အခုချိန်မှာကျန်ခဲ့တာရယ်ဆိုလို့ သူနဲ့Geminiကလွဲ ကျန်သူမရှိလေတော့...နှစ်ယောက်အတူ ဘေးချင်းယှဉ်လျက် ဆိုင်ရှေ့လေးမှာရပ်နေရတာဟာ ရင်ခုန်ဖို့တော့ကောင်းသလို...

"မင်း ပြန်လို့အဆင်မပြေရင် ငါလိုက်ပို့ပေးမယ်လေ Fourth"

တိတ်ဆိတ်နေတဲ့လေထုကြီးကို ခပ်ဩဩအသံတစ်ခုကဖြိုခွင်းပစ်လိုက်သည်...

"အာ ရပါတယ် အားနာစရာကြီး ငါ့ဘာသာ Taxiငှားပြန်လိုက်မယ်"

"ညနေကလဲစောင်းနေပြီ မင်းတစ်ယောက်တည်းလေ သူစိမ်းနဲ့သွားတာထက် အသိနဲ့လိုက်တာက ပိုမကောင်းဘူးလား ငါကမင်းကိုစိတ်ပူလို့ပြောတာပါ တစ်မျိုးတော့မထင်နဲ့"

"............"

*စိတ်ပူလို့တဲ့*

ခုန်နှုန်းမြင့်တက်လာတဲ့ နှလုံးသားကြောင့် ရှေ့ရှိလူတစ်ယောက် မကြားမိအောင်ပင် ဆုတောင်းနေရသည်အထိကို ကျယ်လွန်းသည်...ခေါင်းထဲထပ်ခါထပ်ခါကြားယောင်နေသည့် ခပ်ဩဩအသံလေးက ပဲ့တင်ထပ်လျက်...

"ဒါ ဒါဆိုခဏနော် ငါ Allyကိုဖုန်းဆက်လိုက်အုန်းမယ်"

"Omm ကောင်းပါပြီ"

Gemini နားမှ ခပ်လှမ်းလှမ်းတစ်နေရာဆီသို့လျှောက်လာလိုက်ရင်း Ally အားဖုန်းခေါ်လိုက်သည်။

"Hello Ally"

"အေး Fourth ပြောလေ ဘာလို့လဲ"

"နင်အခုဘယ်မှာလဲ အခုထိပြန်လာသေးဘူးလား"

"ဟယ်!! အေး ငါနင့်ကိုမေ့ခဲ့တာ"

"ဘာ"

"ဆောရီးပါဟယ် ငါအခုထွက်လာခဲ့မယ် နော်သူငယ်ချင်းလေး"

𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽Where stories live. Discover now