"Fourth ငါတို့ပထမနေ့မှာဘဲ အတန်းတွေရှယ်ပျက်နေတာဘဲနော် 555+"
ဗိုက်ဆာတယ်ဟုငြီးငြူလာသောသူ့အားAllyမှမုန့်ဝယ်ကျွေးမည်ဟုဆိုလျက်Canteen ဘက်သို့ထွက်လာခဲ့ကြသည်သာ..
"တောင်းပန်ပါတယ်ကွာ ငါ့ကြောင့်နဲ့ နင်ပါဒုက္ခခံနေရပြီ"
မျက်နှာငယ်လေးဖြင့်ဆိုတော့ သူ့ရင်ဘတ်ကိုခပ်ဖွဖွရိုက်ကာ ရယ်သံလေးနှင့်သာ...
"မဟုတ်တာ ငါ့သူငယ်ချင်းလေးလိုအပ်တယ်ဆို ဒီကမမAllyကနိုင်ငံခြားရောက်နေရင်တောင်နေ့ချင်းပြန်လာမဲ့သူမျိုး သိရဲ့လား"
"အမယ်လေး မမတဲ့ နင်ငါ့ထက်တစ်လလောက်ဘဲကြီးတာပါ"
Allyနဲ့ရယ်မောရင်း canteen သို့ဝင်ကာ အအေးခွက်နှင့်မုန့်အချို့ဝယ်လျက် ဝိုင်းတစ်ခုတွင်ဝင်ထိုင်လိုက်သည်။
"ဒီစာအုပ်က ငါအစမှတင်ငိုနေရတယ် စိတ်ကူးယဉ်ဆိုတာက ပျော်စရာမျိုးမဟုတ်ဘူးလား.."
ဆွေးမြေ့ဖွယ်ကောင်းလှသော စာအုပ်မျက်နှာဖုံးလေးအားကြည့်၍စကားဆိုတော့ Allyဘက်ကတုံ့ပြန်မှုမလာ...
"Ally ငါပြောတာကြားလား.."
သူ့ရဲ့နောက်ကျောဘက်တွင်ရှိသောနေရာတစ်ခုကို စိတ်ဝင်တစားဖြင့်စိုက်ကြည့်နေသည့် Allyကြောင့် လိုက်ကြည့်မိတော့...
"Fourth မကြည့်....အာ"
Allyရဲ့တားသည့်အသံဟာမဆုံးလိုက် ထိုမြင်ကွင်းဟာ သူ့မျက်လုံးနှင့်ပင်တပ်အပ်မြင်လိုက်ရသည်မှာ နှလုံးသားကို ဓားဖြင့်ဆောင့်ထိုးလိုက်သလို....
လူမြင်ကွင်းမှာ လက်တွေဆုပ်ကိုင်လျက် တစ်ယောက်မျက်နှာကိုတစ်ယောက် ချိုမြိန်တဲ့အကြည့်များဖြင့် အကြည့်ဆုံနေကြတာဟာ လူငယ်တွေအကြား ချစ်သူရည်းစား သာမန်လုပ်ရိုးလုပ်စဉ်တွေဆိုသော်လည်း...
Geminiနဲ့Primဆိုသည့် လူနှစ်ယောက်ဖြစ်တာကြောင့် Fourth တစ်ယောက် ခံနိုင်ရည်တောင်မရှိတော့တဲ့အခြေအနေမျိုး...
"Al...Ally ဒါက"
"လာပါ Fourth ငါတို့ပြန်ရအောင်"
အအေးခွက်လေးကိုင်ကာ သူ့လက်ကိုအတင်းဆွဲလာသော Allyဆီအာရုံမရှိတော့...ဆွဲကိုင်ထားသောလက်တွေကြားမှ ရုန်းထွက်ကာ Gemini ဆီသို့ ပြေးသွားမိသည်။
YOU ARE READING
𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽
ספרות חובביםဒီပြိုင်ပွဲမှာ ငါဟာအရှုံးသမားဖြစ်ခဲ့သလို မင်းကလည်းအောင်နိုင်သူမဟုတ်ခဲ့ဘူး......