Bangkok....𝐹
မရောက်တာကြာပြီဖြစ်လေတဲ့ မွေးရပ်မြေကိုခြေချမိတော့ ရှုသွင်းလိုက်သည့်လေအချို့ကတောင်မှ တန်ဖိုးရှိလာသလိုလို..
ဦးထုပ်လေးခပ်ငိုက်ငိုက်ဆောင်းရင်း လေဆိပ်ကနေထွက်လာခဲ့သည်...ဘေးနားမှာပါလာတဲ့ Allyကတော့ သူ့သက်တော်စောင့်လေးတစ်ယောက်လိုမျိုးပေါ..
"လတ်တလောတော့ Hotelမှာခဏတည်းရမယ် အဲ့ကနေမှ အိမ်ဝယ်တာဘာညာစုံစမ်းကြတာပေါ့"
Taxiငှားလျက် အထုတ်တွေတင်နေတုန်း Allyပြောစကားကြောင့် ခေါင်းငြိမ့်ပြလိုက်မိသည်..တစ်ပြိုက်နက်ပင် ခေါင်းထဲရောက်ရှိလာတဲ့ ပုံရိပ်လေးထဲက မသဲမကွဲ Gemini ရဲ့မျက်နှာလေး..
*ငါတို့ထပ်တွေ့နိုင်ပါအုန်းမလား အချစ်ကလေး...*
ကြိုတင်၍Bokin ချိတ်ထားသော Hotel သို့ရောက်လာခဲ့သည်...ဖြစ်ချင်တော့ တစ်ယောက်တစ်ခန်းမဟုတ်လေဘဲ နှစ်ယောက်ခန်းကိုယူလိုက်သော Allyကြောင့် သူ့မှာငြင်းရခက် နေရခက်ဖြင့်သာ..
တစ်ဖက်ကိုမေးကြည့်ပြန်တော့လဲ အခန်းလွတ်တွေဟာ မနက်ကလေးတင် bokinတင်သွားကြောင်း ပြောလာခဲ့တော့ မတတ်သာတဲ့အဆုံး အတူတူသာနေရတော့မည်...
.........
"ဟူး"ခရီးတစ်လျှာက်လုံး ပင်ပန်းလာခဲ့တာကြောင့် အားပျော့စွာ ခုတင်ပေါ်သို့လဲချမိလိုက်သည်..
"နင်ခဏနားနှင့်လေ ငါရေချိုးလိုက်အုန်းမယ် နောက်ပြီး နှစ်ယောက်ခန်းယူတာစိတ်မဆိုးပါနဲ့ ဒီဟိုတယ်က Review ကောင်းလို့ချိတ်မိတော့ ဒါတွေဘဲကျန်တယ်ဆိုလို့ပါ နင်အဆင်မပြေရင်ငါအောက်မှာအိပ်လို့ရတယ်"
"ဟာ နင်ကလဲ မဟုတ်တာ ရေချိုးမှာမို့လား သွားသွား"
"အေးပါ ဒါဆိုနားအုန်း"
ရေချိုးခန်းဘက်သို့ထွက်သွားခဲ့သော Allyကိုကြည့်ရင်း ခေါင်းခါလိုက်သည်...အခုတော့ သူ့အပေါ်စိတ်ရှိသေးလား မသိပေမဲ့ စိတ်ရှိခဲ့စဉ်ကလည်း သူမြူဆွယ်လို့ရပါလျက်..သူပြန်လိုက်လို့ရပါလျက်နဲ့ေတာင် သူငယ်ချင်းဆိုသည့်စည်း၊ဘောင်ကိုမကျော်ခဲ့သူသာ.....
YOU ARE READING
𝑻𝒉𝒆 𝑾𝒓𝒐𝒏𝒈 𝑾𝒂y̽
Fanficဒီပြိုင်ပွဲမှာ ငါဟာအရှုံးသမားဖြစ်ခဲ့သလို မင်းကလည်းအောင်နိုင်သူမဟုတ်ခဲ့ဘူး......