ဘယ်သောအခါမှ 🌿🌿
အပိုင်း(၁၅)
.........................." အန်တီကြည် ငါးသလောက်စားလားဟင် ပေါင်းထားတာ "
" အေးစားပါတယ်ကွယ် "
မာမီ့ပန်းကန်ထဲ အရင်ဦးချလိုက်ပြီးမှ အန်တီစန္ဒာကြည်ရဲ့ပန်းကန်ထဲ ငါးသလောက်ပေါင်းတစ်ဖက်ကို ရိုရိုသေသေထည့်ပေးလိုက်တော့ အန်တီကြည်က ပြုံးပြီးကြည့်နေသည်။
" အများကြီးစားနော်အန်တီကြည် စံစံတော့ ဗိုက်တအားဆာနေလို့ စားတော့မယ် ဟီးဟီး "
ကင်ပွန်းချဥ်ရွက်ကို လက်သည်းခွံလောက်ရှိသည့် ပုဇွန်နဲ့အခက်လုပ်ပြီး ဟင်းချိုသဘောချက်ထားတာမို့ စံစံ့အကြိုက်ဖြစ်ပေရာ အားရပါးရစားနေပုံက တကယ်ကို ချစ်စရာကောင်းနေသေးသည်။
" မာမီ... ဒက်ဒီဖုန်းဆက်သေးလား "
" ညကတော့ဆက်တယ် သန်ဘက်ခါပြန်လာမယ်တဲ့ စံစံ့ဒက်ဒီ "
" ဟွန် ပြောမပြောချင်ပါဘူး ဒါမဲ့ ဒက်ဒီလာရင်တော့ ပြောကိုပြောရမယ်၊ စံစံ့နံပါတ်ကို မဆက်ရင် ဒက်ဒီ့ဖုန်းထဲက ထုတ်လိုက်ပါဆိုပြီး ပြောရမယ် "
" အဟင်း ဘာဖြစ်လို့လဲသမီးရဲ့ "
" ရော် အန်တီကြည်ပဲစဥ်းစားကြည့် ဒက်ဒီအလုပ်ကပြန်လာလို့ စံစံခွင့်ယူပြီး အိမ်မှာနေနေတာလေ အဲဒါကို မပြောမဆို ဟဲဟိုးကို အလုပ်နဲ့သွားတယ်တဲ့၊ ခုလည်းကြည့် စံစံ့ဆီ ဖုန်းလေးတစ်ချက်တောင်မဆက်တာ စံစံလွန်သလားပြော အန်တီကြည်ရယ် "
" ဟုတ်တာပေါ့ သမီးမလွန်ဘူး သမီးမှန်တယ် "
" နော့ "
စစ်ကူရသွားတော့ မျက်ခုံးလေးပင့်ချီလျက် မာမီ့ကိုတောင် မကျေမနပ်ပုံစံလေးပြလိုက်သေးသည်။
" ကဲ ခင်ရေ... ကြည့်ကို ဒီအိမ်ရဲ့ဆည်းလည်းလေး ဘယ်တော့ပေးမှာလဲ ပြော "
" ရော် ခင့်သမီးက ကြည့်သမီးပဲပေါ့ ကြည်ကြည်ရဲ့ "
" အို အပိုင်တောင်းနေတာလေ ... သမီးလေးကရော အန်တီကြည်တို့အိမ်မှာ လိုက်မနေချင်ဘူးလား "
" ဟင် "
အန်တီကြည်က အတည်ပေါက်ပြောနေသည့်ပုံစံရယ်။ သက်ထားစံ ဘာပြောလို့ပြောရမှန်းမသိတာမို့ မာမီ့ကိုကြည့်တော့ ပြုံး၍သာနေ၏။
YOU ARE READING
ဘယ်သောအခါမှ 🌿🌿
Romanceလူတစ်ယောက်ကို တိတ်တခိုးစချစ်မိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ခံစားချက်၊ အချစ်ဟာ အဓိပ္ပာယ်မျိုးမျိုးသက်ရောက်နိုင်ကြောင်းကို အနည်းငယ်ဖော်ပြပေးသွားမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ