ဘယ်သောအခါမှ 🌿🌿
အပိုင်း(၁၇)
........................နှစ်ရက်လောက်အထိ အဖက်မစားဘဲ အရည်ပဲဝင်အောင်တိုက်ရင်း နာလန်ပြန်ထူလာတာကို သူ့မျက်စိနဲ့ ကိုယ်တိုင်မြင်ရတော့ စိတ်အေးရသည်။ ကနေ့ဆိုရင် အရေးပေါ်ခန်းကနေ ပုံမှန်ခန်းကို ပြောင်းရွှေ့ရမည်ဖြစ်သည်။
" သောက်လို့ကောင်းလား "
ကြက်သားစွပ်ပြုတ်ပူပူလေးကို လင်းရောင်နီအိမ်က ယူလာခဲ့တာဖြစ်သည်။ သူကိုယ်တိုင်လုပ်လာခဲ့တာတော့မဟုတ်။ အိမ်က အန်တီကြီးလုပ်ပေးတာပင်။
သူမက ခေါင်းလေးညိတ်ပြ၏။ နဂိုပိန်လှီပြီး အသားရေမွဲခြောက်နေရာမှ ပြန်လည်စိုပြေလာ၏။ သူမအမေလည်း ဝမ်းသာမဆုံးဖြစ်နေသည်။
" ဒါလေးကုန်အောင်သောက်လိုက်နော် "
သူမက ကိုယ်တိုင်လုပ်ကိုင်နိုင်နေပေမယ့် သူကလည်း သူမကို ကိုယ်တိုင်ခွံ့ကျွေးချင်သည်။ သူမဘာသာစားရင် တစ်ဇွန်းနှစ်ဇွန်းနဲ့ တော်လိုက်တာမို့ပင်။ ကလေးတွေလို ခွံ့ကျွေးရင်တော့ ကျွေးသလောက်ကို စားသည်။
" မေပြုံး... "
" ဟော သမီးစံစံ "
" ခင်းရေ... ဘယ်လိုနေလဲ "
မနက်ခင်းသည် သူမကို လှည့်ကြည့်လာရာ ပြုံးပြပြီး အနားသွား၍ လက်ကိုင်လိုက်၏။ သို့သော် သူမမေးတာကို ပြန်၍မဖြေတာမို့ နောက်တစ်ခေါက်ထပ်ပြောမိပြန်သည်။
" ဘယ်လိုနေလဲလို့ နေရတာ သက်သာလား မောသေးလား "
စကားဆုံးတော့ သက်ပြင်းချသံမှတစ်ပါး မနက်ခင်းသည် သူမကိုသာ ငေးကြည့်ရင်း တိတ်ဆိတ်နေတော့သည်။ သူမရှေ့က လင်းရောင်နီကို နားမလည်သလို လှမ်းကြည််လိုက်၏။ သူ့ဆီကရော ဘာကြားရမှာလဲ ရေခဲတုံးဟာကို။ ခင်းရဲ့အနားမှာသာ မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီးသာနေတာ။
" မေပြုံး... ခင်းက ဘာဖြစ်တာလဲဟင်၊ စံစံမေးတာ တစ်ခုမှမဖြေဘူး... စိတ်ကောက်နေတာများလားဟင် "
" သမီးမှမဟုတ်ဘူး သူ့အမေဖြစ်တဲ့ အန်တီ့ကိုတောင် ဘာစကားမှပြန်မပြောဘူး တစ်ခါတလေ စိတ်ကြည်ရင် ခေါင်းညိတ်ခေါင်းခါလုပ်တယ် ဒီလောက်ပဲ "
YOU ARE READING
ဘယ်သောအခါမှ 🌿🌿
Romanceလူတစ်ယောက်ကို တိတ်တခိုးစချစ်မိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ခံစားချက်၊ အချစ်ဟာ အဓိပ္ပာယ်မျိုးမျိုးသက်ရောက်နိုင်ကြောင်းကို အနည်းငယ်ဖော်ပြပေးသွားမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ