part-16

91 4 8
                                    

ဘယ်သောအခါမှ 🌿🌿

အပိုင်း(၁၆)
.........................

မှောင်လိုက်တာ... ဘယ်ကိုကြည့်ကြည့် မှောင်မည်းနေတာ၊ ရှေ့ဆက်လျှောက်ဖို့ကိုပင် တော်တော်လေး အားယူရသည်။ ဘယ်ကိုရောက်နေလို့ ဘယ်ကိုသွားနေလဲဆိုတာမသိ။ လေဟာနယ်ထဲ ရောက်နေသလို ခံစားရသလိုတော့ရှိ၏။ ဘယ်ကနေရောက်လာမှန်းမသိသော လေတွေကြောင့် သူမကိုယ်လေးက အေးစိမ့်လာသည်။ ဘာလို့ ဒီနေရာရောက်နေတာလဲ။ တစ်​ယောက်ထဲဆိုသောအသိက တော်တော်လေး ခြောက်ခြားဖွယ်ရာအတိပါလား။

" ဘယ်သူရှိလဲ ဘယ်သူရှိလဲ.... "

တကယ်ကို ကြောက်လန့်လာသည်။ သူမသေသွားပြီလား။ သေသွားလို့ ဝိဉာဥ်လွင့်သွားတာများလား။

" ဘယ်သူ ရှိလဲဟင်... "

ဟုတ်ပါတယ် သူမသေသွားတာနေမှာပါ။ ဘာလို့ဆို သူမက ဆေးရုံမှာ လှုပ်ရှားနိုင်တာတောင်မဟုတ်ဘူးလေ။

တဖြည်းဖြည်း ဟိုးအဝေးဆီက အလင်းရောင်တန်းလေးတစ်ခုကို လှမ်း၍မြင်ရတော့ လှပ်ခနဲ ပျော်သွားမိ၏။ အဲဒါက ဘယ်ကိုသွားတဲ့လမ်းပါလိမ့်။ နိဗ္ဗာန်လား ငရဲပြည်လား... ။ တခဏအတွင်း အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ လူက ဂယောက်ဂယက်တွေ ဖြစ်နေသည်။

" ဟင် လူလား "

ထိုအလင်းရောင်ဘက်သို့ မျက်နှာလှည့်ထားသဖြင့် နောက်ကျောပြင်ကိုသာ ပြင်နေရသည့် လူတစ်ယောက်။

" ဘယ်သူလဲဟင် ဒီနေရာက ဘယ်နေရာလဲ "

လူရှိတယ်ဆိုတဲ့အသိနဲ့ လူဆိုးလူကောင်းမခွဲခြားတော့ဘဲ ဝမ်းသာအားရ ရှေ့သို့တိုးသွားမိတော့ လေပွေတစ်ခုက သူမခန္ဓာကိုယ်ကို ရစ်ပတ်ထားလျက် ခြေလှမ်းတွေ​က လိုရာမရောက်ဘဲနေတာမို့ လန့်ဖျပ်သွား၏။

" ကူညီပါ ကူညီပါ... "

ဝမ်းနည်းသံစွက်၍ အကူညီတောင်းသော်လည်း ထိုလူက လှည့်တောင်မကြည့်လာခဲ့။ ရုတ်တရက် သူမရပ်နေသောနေရာက လင်းထိန်သွားတာမို့ မျက်လုံးတွေကျိန်းစက်၍ မျက်ဝန်းတွေမှိတ်ကာ လက်နဲ့ကာမိလိုက်သည်။ နောက် ပြန်ဖွင့်ကြည့်လိုက်တော့ ထိုလူရပ်နေသော နေရာက မည်းမည်းမှောင်နေ၏။

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now