💙💙တဖက်ကမ်းအလွန်💙💙
အပိုင်း(၁)"မင်းနောက်ဆို အလုပ်ဆင်းစရာမလိုတော့ဘူး "
အသံကမတိုးမကျယ်ပေမဲ့လို့ တခြား၀န်ထမ်းတွေ ကြည့်တာနဲ့တင် အခြေအနေမကောင်းမှန်း သိသာပါတယ်
"ဟို ဏီနောက်ဆို မနောက်ကျစေရပါဘူး ဏီမှာဒီအလုပ်လေးဘဲ ရှိတာကို နော် ဂျာကြီး နော်"
ဂျာကြီးလက်မောင်းကို ကလေးမုန့်တောင်းနေသလို လူပ်ရမ်းရင်း သနား
စရာမျက်၀န်းတွေနဲ့ ပြုစားနေတဲ့ ဇာမဏီသွေး"ဏီရာ ငါလဲမထုတ်ချင်ပါဘူး အထက်ပြောတဲ့အတိုင်း လုပ်ရတာဘဲလေ တခြားအလုပ်ကို ငါလဲကူရှာပေးမယ် ဟုတ်ပြီလား"
ဏီ ဂျာကြီးလက်မောင်းကို ဖြည်းဖြည်းလွှတ်ချရင်း ခေါင်းကလေးငုံသွား
တယ် ဏီကအရမ်းအလုပ်ကြိုးစားသူပါ ဂျာကြီးတယောက်လဲ နားမလည်နိုင် ဥက္ကဠကဘာလို့ အလုပ်ထုတ်ခိုင်းတာပါလိမ့်"ဒီအတောအတွင်း ဏီ့ကို သွန်သင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် ဏီပစ္စည်းသွားသိမ်းလိုက်ဦးမယ်"
အသက်မပါတဲ့အပြုံးနဲ့ ဂျာကြီးကို နှုတ်ဆက်ကာ ပစ္စည်းတချို့သိမ်းဖို့
ရုံးခန်းကနေထွက်လာခဲ့တယ် ဏီဒီဇိုင်းနာ အလုပ်ကို အရမ်းမြတ်နိုးတာ
ပါ အဖေ၊အမေ မရှိတော့တဲ့ ဏီ့ဘ၀ကို အဘွားနဲ့အတူ ရုန်းကန်ရင်း နေထိုင်ခဲ့တယ်
အခုအဘွားက အဖျားကြီးဖျားနေရော တကယ့်အချိန်ကိုက်ဗုံးတစ်လုံး
လိုပါဘဲ ဟူး ပင်ပန်းလိုက်တာ လောကကြီးရယ်🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
""ဏီ အားလုံးကိုနှုတ်ဆက်ပါတယ်" paperပုံးလေးကို မထားရင် တံခါး၀မှာ
ရပ်ကာ ၀န်ထမ်းတချို့ကို နှုတ်ဆက်နေတယ်"ဟာ ဏီကလဲနောက်မတွေ့ရတော့မယ့်အတိုင်း"
"နောက်အလုပ်က ပိုကောင်းမှာပါ "
"နောက်လဲလာလည်အုံးနော်"
တယောက်တလှည့်စီ နှုတ်ဆက်ပြီး ဏီလဲ ရုံးကထွက်လာတော့သည်"ဒေါက် ဟာ ရှိတာမှ ဒီဒေါက်ဖိနပ်လေးကို ဘယ်လောက်မှလဲမမြင့်ဘဲ
နဲ့ တကယ့်ပြဿဒါးနေ့ဘဲ "ဏီ ဒေါက်မြင့်တွေ စီးလေ့မရှိပါဘူး ရုံးတတ်မှသာ စီးသွားတတ်တာပါ
ဒေါက်ဖိနပ်တွေကို ချွတ်ပြီး