💙💙တစ်ဖက်ကမ်းအလွန်💙💙
အပိုင်း(၁၀)"ဘာ"
"အဟွတ် အဟွတ်" ဏီအော်လိုက်တော့ ဘဏ်သောက်နေတဲ့ကော်ဖီပင် သီးသွားတယ် ဒီလောက်နှစ်တွေကြာလာတာတောင် စွာကျယ်သံလေးကမပြောင်းလဲသေး
"ဗြီ" 😑 ဏီ ချက်လက်မှတ်ကို ကြေမွသွားအောင် စုတ်ဖြဲပလိုက်တယ်
"ရှင်က လွှတ်နေတာလား ငွေတွေဒီလောက်ပေါနေရင် လိုအပ်နေတဲ့သူတွေကိုလှူဒါန်းပါလား ကုသိုလ်တောင်ရအုံးမယ်
ကျွန်မကမိကောင်းဖခင်သမီးပါ နောက်အဲ့လိုမစော်ကားပါနဲ့ ခွင့်ပြုပါဦး
Boss Rain နှာဘူးကောင်"ဏီအကောင်းမှတ်လို့နားထောင်နေတာကို ဘယ်လိုလူတွေနဲ့လာတွေ့နေတာပါလိမ့်
ဏီဒီလိုအချိန်ဖြုန်းနေလိုမရဘူးဏီဒီလောက်ပြောနေတာတောင် ပြုံးနေနိုင်သေးတယ်တဲ့ ဒီအရူးနဲ့တော့
"မင်းရဲ့အဖွားအတွက်မတွေးတော့ဘူးလား ကိုယ့်မှာပိုက်ဆံပေါတာမှန်
ပေမဲ့ မင်းကိုပေးချင်တာပါ ဘယ်လိုလဲ"ဏီခြေလှမ်းတွေ တုံ့ခနဲရပ်သွားတယ် တံခါးဖွင့်ဖို့လှမ်းလိုက်တဲ့ လက်တွေလဲ လေထဲမှာဘဲ ရပ်တန့်နေရော
"ကိုယ့်မိန်းမဖြစ်ရင် မင်းအတွက် ဘာမှမနစ်နာလောက်ပါဘူး ဟက်"
"ဟွန့်ရှင့်မိန်းမဖြစ်လာမဲ့သူကိုတော့ သနားလိုက်တာ ဏီတို့ကပိုက်ဆံလိုနေတာမှန်ပေမဲ့ အဲ့လိုအောက်တန်းကျတဲ့အလုပ်ကိုတော့ ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး ဒုန်း"
မကျေမနပ်လေးပြောသွားပြီး တံခါးကိုခပ်ကြမ်းကြမ်းလေး ဆောင့်ပိတ်လိုက်လို့ ၀န်ထမ်းတွေတောင်ကြောင်ကြည့် နေတယ်
ဘော့စ်လိုရေခဲတုံးကြီးနဲ့ ဘယ်လိုများရန်ဖြစ်လိုက်တာပါလိမ့်"အဲ့တာ မင်းတို့ သူဌေးကတော်ဘဲ နောက်ဒီလာရင် လေးလေးစားစား
ဆက်ဆံ ကြားတယ်နော်""ရှင် ဟုတ် ဟုတ်ကဲ့"
"သွားမယ် သူရ "
"ဟုတ်ကဲ့ boss "
၀န်ထမ်းမလေးတွေရဲ့ အသည်းတော့ ဟတ်တက်ကွဲပါပြီ လန်ဒန်ကနေ
မနေ့တနေ့ကမှပြန်လာတဲ့ ဥက္ကဠကြီးရဲ့သားကိုငမ်းမလို့ ရှိသေးအခုတော့ sold out သွားပြီတဲ့လား