💙💙တစ်ဖက်ကမ်းအလွန်💙💙
အပိုင်း(၉)မနက်ကသာဏီသတိမထားမိရင် ဘယ်လောက်တောင်အခြေဆိုးမလဲပင်မတွေးရဲ
ဘုရားခန်းထဲ ပုတီးကိုလက်ထဲကိုင်ထားရင်း မေ့လဲနေတာမြင်လိုက်ရတယ် အော်ခေါ်နေပေမဲ့ တုတ်တုတ်တောင်မလှုပ်တာမို့ အိမ်မှာယောကျာ်းသားကမရှိတော့
ဏီဘဲ ကုန်းပိုးသွားရပြန်တယ် ဆေးရုံကလဲ အိမ်နဲ့မနီးမဝေးတာကြောင့်
ရယ်သာ"လူနာက အသက်အရွယ်လဲရလာပြီဆိုတော့ ဂရုစိုက်သင့်တယ် သမီး
အခု အသည်းအဆီဖုံးရောဂါကတော်တော်လေးဆိုးနေပြီကွဲ့ မြန်မြန်ခွဲစိတ်နိုင်ရင်ကောင်းလိမ့်နော် "ဏီခေါင်းကိုလေးလံစွာငြိမ့်လိုက်တယ် ဆရာ၀န်ထွက်သွားမှ ကုတင်ပေါ်ဆေးပိုက်တွေသွင်းထားရင်း အိပ်မေ့နေတဲ့ ဖွားနား၀င်ထိုင်လိုက်တယ် အိုတယ်သာပြောတာ ဏီတို့ အဖွားကချောတုန်း
"ဏီကိုဒီတိုင်းထားမသွားရဘူးနော် ဖွား ဏီငိုပလိုက်ရ ဟင့်"
ဏီ ပိုက်ဆံအဆင်မပြေတာတစ်ခုကြောင့်နဲ့တော့ ဖွားကိုဒီတိုင်းမပစ်ထားနိုင် ပိုက်ဆံအမြန်ရနိုင်မဲ့ အလုပ်ကိုရှာရမယ်ဟုတ်တယ်
မြင့်သော်နဲ့ပြောကြည့်ပေမဲ့ ဘာအခြေအနေမှမထူးပြန်
==============
ဏီ ဖွားကို nurse တွေနဲ့စိတ်ချခဲ့ပြီး ပိုက်ဆံအိတ်ကောက်ဆွဲပြီး မြို့ထဲ ပိုက်ဆံအမြန်ရမဲ့အလုပ်ကို တစ်ယောက်တည်းပတ်ရှာနေတယ်
ဆံပင်လေးကိုမြင့်မြင့်လေးစီးပြီး ရှူးဖိနပ်အဖြူရောင်လေးက အသားအရောင်နဲ့ တထပ်တည်းကျနေပြန် ဂျင်းဘောင်းဘီရှည် ရယ်
တီရှပ်အနက်ရောင်လေးက မော်ဒယ်ခန္ဓာကိုယ်လေးနဲ့ လုံး၀ perfect ဖြစ်နေရောဏီဒီနေ့လဲ ထမင်းမေ့ဟင်းမေ့ပြန်တယ် နေ့လည် ၁၁နာရီ ခွဲနေပြီ ဘာအလုပ်ကမှမရသေး
"ဟင် " ဏီ ပလက်ဖောင်းဘေးစိတ်ပျက်လက်ပျက် လမ်းလျှောက်နေ တုန်း ကြော်ငြာစာတစ်ခုကိုတွေ့လိုက်တော့ မျက်နှာတွေပြုံးရွှင်သွားတယ်
"ဝါး Sun Companyတဲ့ လစာကတော့ရှယ်ဘဲ ဘောနပ်ကလဲပေးဦးမှာ ဟား ဟား ငါလာပြီ ဟေ့ "