(၂၀)

3 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
             အပိုင်း(၂၀)

"သမီး အဖေတို့နဲ့လာနေပါလား "

"ဟင် "

ဖွားရဲ့အသုဘအားလုံပြီးစီးသွားတော့
ဏီနဲ့စကားပြောချင်တယ်ဆိုလို့
ဧည့်ခန်းထဲ ကိုကိုနဲ့ထိုင်နေရင်း ဦးထွန်းတောက်ပြောလိုက်ခြင်း

"ဟုတ်တယ်ခလေး ဒီအိမ်ကိုဒီတိုင်းထားလိုက်လဲရပါတယ်
ကိုယ်တို့မကြာမကြာလာကြည့်ကြမယ်လေ"

ဏီစိတ်ထိခိုက်နေတာသိလို့ အားလုံးကစကားချိုချိုလေးတွေနဲ့
ချော့မော့ပြောဆိုနေကြသည် ကိုကိုအပါအ၀င်ပေါ့

ဏီကတော့ဘာစကားမှပြန်မဆိုသေးဘဲ
အတော်ကြာစဉ်းစားနေတယ်ဘာလို့ဆို
ဒီအိမ်လေးကဘာနဲ့မှလဲလို့မရတဲ့ ဖွားရဲ့အမှတ်တရတွေရယ်
အငွေ့အသက်တစ်ချို့ရယ်ကျန်နေသေးတာကြောင့်

"အခုလိုအချိန်မှာ မင်္ဂလာပွဲကိစ္စကိုနောက်မှ
စဉ်းစားလဲရပါတယ်သမီး အဖေလဲမှားခဲ့တာတွေအတွက်
ပြန်ပေးဆပ်ချင်လို့ပါ ခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး
ဒါပေမဲ့ သမီးအမေကိုလဲ အဖေအမြဲရှာနေခဲ့တာဆိုတာကိုတော့
သိစေချင်တယ်"

ရီဝေတဲ့မျက်၀န်းလေးတွေနဲ့ ဦးထွန်းတောက်ကိုကြည့်ရင်း
အဖွားရေ ဏီခွင့်လွှတ်ပေးသင့်လားဆိုပြီး ရင်ထဲကနေတိုးတိုး
လေးမေးနေမိသည်

"ဏီစဉ်းစားပါရစေအုံး အန်ကယ် ကိုကိုဏီနားချင်ပြီ"

အန်ကယ်လို့ခေါ်လိုက်တာက ဦးထွန်းတောက်ကိုတော်တော်
လေးနာကျင်စေတယ် ဒါပေမဲ့လဲဘယ်သူ့ကိုမှအပြစ်မတင်ရက်ပါဘူး
ခင်ရယ် ဏီလေးကမင်းနဲ့တူတူတာဘဲ

💙💙💙💙💙💙💙

(၄)ရက်ခန့်ကြာသော်

"ဘော့စ် ဒီနေ့ညစာစားပွဲရှိတယ်ဗျ "

သူရလက်ထဲကရွှေရောင်တဖျတ်ဖျတ်တောက်နေတဲ့
အနီရောင်ဖိတ်စာကို တချက်ကြည့်ရင်း ပြုံးလိုက်တယ်

"ဦးလီရှန် ကဖိတ်ထားတာမလား"

"ဟုတ်ကဲ့ သူဌေးကတော်အတွက်ပါ
၀တ်စုံပြင်လိုက်ရမလားဗျ "

"အင် အနီရောင်တောက်တောက်လေးဖြစ်ပါစေ"

သူရခေါင်းငြိမ့်ပြပြီးထွက်သွားလိုက်သည် ဘဏ်လဲဖုန်းကို
ကောက်ယူရင်း သူချစ်ရတဲ့နဂါးမလေးကို ဆက်သွယ်တော့မည်..

တဖက်ကမ်းအလွန်Where stories live. Discover now