အပိုင်း(၇)

0 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
                  အပိုင်း(၇)

ညနေစောင်းအချိန် နေ၀င်ဆည်းဆာအလှကို ကြည့်ရင်း  သူမနှစ်သိမ့်
အားပေးခဲ့တဲ့စကားတွေကြောင့် အိမ်ပြန်လာဖို့ ဘဏ်ဆုံးဖြတ်လိုက် တယ်

"ကိုကိုတို့အိမ်တွင်းရေးကို ဏီကိုမပြောပြချင်လဲရပါတယ် ဒါပေမဲ့လေ
ဒီလိုရှောင်ထွက်ပြေးလာတာကတော့ မကောင်းဘူးကိုကိုရဲ့ ရင်ဆိုင်ရမယ်လေပြီးတော့ ကိုကိုတစ်ယောက်တည်းဘဲရှိတာမှမဟုတ်တာ ဏီလဲဘေးမှာရှိတယ်ဆိုတာအမြဲသတိရပေး ကိုကိုလဲ ဏီအတွက် ကြိုးစားရမယ် ကြံခိုင်ရမယ်လို့ ကတိပေး"

သူတို့နှစ်ယောက်ရဲ့လက်သန်းသွယ်သွယ်လေးတွေကို ချိတ်ဆွဲရင် ကတိသစ္စာဆိုကြတယ်

"ကိုယ်အချိန်တန်ရင်အားလုံးပြောပြပါ့မယ် "

==============

အိမ်ပြန်ရောက်လာတာနဲ့ ဦးလေးခမ်းရယ်မာမီရယ် ရပ်စောင့်နေတယ်

"သား သား ဗိုက်ဆာနေလောက်ရောပေါ့ "

"မစားတော့ဘူးမာမီ"

"ဒါဆိုစာကြည့်ခန်းသွားလိုက်ပါ သားအဖေကသားနဲ့စကားပြောချင်နေတယ်"

ဒေါ်သူဇာကလဲ သွားလိုက်ပါဆိုတဲ့အမူအရာဖြင့် ပြုံးပြလိုက်တယ်

ဘဏ်လဲ တံခါးမခေါက်ဘဲ စာကြည့်ခန်းထဲ၀င်သွားတယ်

"ကျွန်တော်ကိုခေါ်တယ်ဆိုလို့"

မျက်နှာလေးမှုန်ကုတ်ကုတ်နဲ့ ထိုင်ရင်းမေးလိုက်တယ်

"သား ၁၀တန်းပြီးလို့ ကညာတော်သွားသင်မယ်ဆိုရင် သားလုပ်ချင်တာတွေ ခွင့်ပြုပေးမယ်"

"ဟင် "

သား သားဟုတ်လားဘဏ်အမြဲခေါ်စေချင်နေခဲ့တဲ့ နာမ်စားလေးဘဲမဟုတ်လား

"ကောင်းပြီ ကျွန်တော် သွားမယ်"

🎉🎉🎉🎉🎉🎉

ကျောင်းတက်ခေါင်းလောင်းသံတွေဟာ ဘဏ်ကို အလွန်ပျော်ရွှင်စေခဲ့တယ် သူမလေးနဲ့ အချိန်လေးတွေကိုတူတူဖြတ်သန်းခွင့်ရလို့ဘဲမလား စာတွေအတူတူကြိုးစားရင်း သူမအတွက် ဘဏ်ရင်ခွင်တစ်ခုလုံးပေးအပ်ပြီးသားပါ ဘဏ်လဲသူမနှလံသားကို ပိုင်ဆိုင်ခွင့်ရနေပြီဘဲလေ အရာအားလုံးကပြည့်စုံနေပါပြီ

တဖက်ကမ်းအလွန်Where stories live. Discover now