💙💙တစ်ဖက်ကမ်းအလွန်💙💙
အပိုင်း(၁၃)"ဓူဝံကြယ်"
ဏီရဲ့မျက်ခုံးတွေတွန့်သွားပြီး အကြည့်တွေကလည်း စိတ်ပျက်ခြင်းဘက်သို့ ရောက်သွားသည်
ဒီတလောငါတော့ တစ်ကယ်ကံဆိုးမှုတွေနဲ့ ကြုံနေရတာဘဲ
ဟိုနှာဘူးကောင်နဲ့ စိတ်ရှုပ်ရတဲ့ထဲ ဒီလင်မယားနှစ်ယောက်ကပါ
ဘာတွေလာဖွအုံးမလဲမသိဘူး"တွေ့ရတာ၀မ်းသာပါတယ် ဏီ"
"ကျွန်မကတော့ ၀မ်းနည်းပါတယ်
ဒီရက်ပိုင်း ရှင်တို့လင်မယားနှစ်ယောက်လုံးဘဲ
ခဏခဏတွေ့နေရတော့ အဆင်မပြေဘူးရယ်""အော် ကိုယ်လဲအဲ့ကိစ္စလာတောင်းပန်မလို့ပါ
ခရေရဲ့အပြောအဆိုမတတ်မှုတွေကြောင့်
ကိုယ်ကဘဲကြားကနေတောင်းပန်ပါတယ်"".............."
"ဒါနဲ့ Boss Rain နဲ့လက်ထပ်ကြတော့မယ်ဆို
ဘဏ်နဲ့က ပြတ်သွားကြတာလား "လာပြန်ပြီနောက်တစ်ယောက် ဒီအားနည်းချက်ကိုဘဲလာလာကိုင်ပြီး
ရင်နာအောင်လာပြောနေတယ် ဒီတစ်ခါလဲ ဏီရှုံးတော့မှာဘဲလား"မောင်ဘာတွေတောင်းပန်နေတာလဲ သူ့လိုသစ္စာဖောက်မကိုဘာမှသွားပြောမနေပါနဲ့
ရိန်းဆီလဲ ဘယ်လောက်တောင်ချူစားထားလဲမှမသိတာ"ရုတ်တရက် ဓူဝံကြယ်ရဲ့လက်မောင်းကိုလာဖက်တွယ်ပြီး
မလှမပတဲ့မျက်နှာလေးကို ထပ်ပြီးမဲ့ပစ်လိုက်ကာ ဏီကို နှိမ့်ချပြောဆိုနေချိန်"ခရေ မင်းတော်တော့ မနေ့ကငါမင်းကိုဘာပြောထားလဲ ဟမ်"
အရောင်း၀န်ထမ်းတွေကော ၀ယ်သူတွေကော ဓူဝံကလေသံကိုမြင့်ပြီးပြောလိုက်တာမို့ အားလုံးက
ကွက်ကြည့်ကွက်ကြည့်ဖြစ်လာတယ်သူ့လက်မောင်းကိုဖက်တွယ်ထားတဲ့ ခရေရဲ့လက်တွေ
ထပ်ပြီးဆွဲဖြုတ်ချကာ သက်ပြင်းချလိုက်ပြန်ဏီပြန်ပြောဖို့ခွန်အားမရှိတော့ ဏီဟိုနှာဘူးကောင်
ကိုရင်မခုန်မအောင် အမြဲကိုယ့်ကိုကိုယ် အတန်တန်သတိပေး
နေတဲ့ကြားတာ ခုလိုအကြပ်တည်းချိန်ဆို သူ့ကိုတမ်းတနေမိတဲ့
ကိုယ့်စိတ်ကိုတောင်နားမလည်နိုင်တော့ပါ