အပိုင်း(၈)

1 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
                      အပိုင်း(၈)

"ဏီကိုယ်ပြောပြမယ် ခဏလေး "

"ဏီ တစ်ယောက်တည်း ခဏနေချင်တယ်"

ဏီတစ်ကယ်နားမလည်နိုင်  ဒါဏီကိုချစ်တာလား ကစားတာလားဘဲ ဏီကိုချစ်တယ်ဆိုရင် ပြောပြသင့်တယ်မဟုတ်လား ဏီရဲ့နှလုံးသားက
တော်တောလေးအပေါစားဆန်သွားသလို

ဏီ ပြေးထွက်သွားတယ် မငိုပါဘူးဏီမငိုချင်ဘူး ဒီတိုင်းအဝေးတစ်နေရာမှာ
တစ်ယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်လေး နေချင်တာရယ်ပါ

==============

"တစ်ယောက်တည်းလား "

ပေါ်လာပြန်ပြီ ဒီငရှုပ်ကောင်ဓူဝံကြယ်ကတော့ ဏီလွတ်လပ်ရေးပန်းခြံထဲမှာ တစ်ယောက်တည်းထိုင်နေတုန်း ဘယ်သူများလဲ ကြည့်လိုက်တာ

စိတ်ကတော့ဘဏ်ကိုတမ်းတနေမိတာ စိတ်ဆိုးနေပါတယ်ဆိုမချော့ဘူး
ဟွန့်

"ဘဏ်နဲ့ ရန်ဖြစ်ထားတာလား"

"အဲ့တော့ " ဘုဆက်ဆက်ပြောလာတဲ့ဏီကို သဘောကျသလို ရယ်ရင်း ဘေးနား၀င်ထိုင်လိုက်ပေမဲ့ ဏီကတော့တစ်ဖက်ကိုပိုလိုတိုးသွားတယ်

"ကိုယ့်ကိုဒီလောက်တောင်မကြည့်ချင်တာလား ကိုယ့်မှာဘဏ်ထက်သာတဲ့အချက်တွေအများကြီးရှိပါတယ်ကွာ
ကိုယ်ကိုနဲနဲလေးတော့အခွင့်အရေးပေးသင့်တယ်မဟုတ်လား"

ပြောရင်းဆိုရင်း ဏီလက်ကိုကိုင်ဖို့လှမ်းလာတော့

"ဒီမှာ အကောင်းမှတ်လို့နားထောင်နေတာ နင်ဘာနေနင်သမ္မတထက်တောင်ချမ်းသာနေပါစေ
ကိုရီးယားမင်းသားလိုချောချော ငါနှလုံးသားကဘဏ်တစ်ယောက်တည်းပိုင်တာ မှတ် ထား"

ဏီဒီလောက်ပြောနေတာတောင် အပြုံးကမပျက် ဏီရဲ့လက်ကိုလှမ်းဆွဲ
ပြီး ဒူးတစ်ဖက်ထောက်ကာထိုင်လျက်အနေထားဖြင့်

"ဟျောင့် ဓူဝံကြယ်မင်း ခွပ် ခွပ် "

လာပါပြီ ဏီရဲ့မင်းသားလေး မျှော်နေတာလည်ပင်းကိုရှည်လို့

ဏီလေးကိုရှာဖို့ မြင့်သော်ဆီအကူအညီတောင်းလိုက်တာ ရောက်ရောက်ချင်း မြင်ရတဲ့ အဖြစ်အပျက်ကတော့ ဘဏ်ရဲ့ဒေါသတွေပွက်ပွက်ဆူစေတယ်

တဖက်ကမ်းအလွန်Where stories live. Discover now