အပိုင်း(၁၄)

0 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
                    အပိုင်း(၁၄)

"တူ တူ 📲"

"မြင့်သော်နင်ပြောတဲ့နေရာငါရောက်ပြီ  နင်ကဘယ်မှာတုန်း
အေးအေးမြန်မြန်လာခဲ့"

ဏီတို့ တွေ့မယ့်နေရာကြီးကလဲ ခန်းမကြီးလိုလို ပန်းခြံကြီးလိုလို
အထဲမှာလဲ လူတွေတော်တော်လေး စည်းကားနေတော့
ဘာပါတီများလုပ်နေမလဲပေါ့

ထိုစဉ်မြင့်သော်ရော နန်းပါ ဏီရပ်နေတဲ့နေရာဆီတစိုက်မတ်မတ်ရောက်လာတယ်

"ဏီ စောင့်ရတာကြာသွားပြီထင်တယ်"

"မကြာသေးပါဘူးနန်းဒါနဲ့ဘာလို့ နှစ်ယောက်သား ဒီလိုကြီး၀တ်ထားတာလဲ"

ဟုတ်နေတာဘဲ မြင့်သော်လဲ အထက်တန်းဆန်ဆန်
အနောက်တိုင်း၀တ်စုံ အနက်ရောင်၀တ်ထားပြီး

နန်းကလဲ ရေသူမပုံစံ ဒူးဖုံးဂါ၀န်လေး၀တ်ဆင်ထားရော
မျက်နှာတွင်လဲ မိက်ကပ်များပြင်ထားပုံရ ပွဲတစ်ခုခုတော့ဖြစ်ရမယ်

"အော် ဏီ ဒီနေ့ငါမွေးနေ့လေ အဲ့ဒါကိုမေ့နေတာလား "

"ဟင်" ဏီစဉ်းစားမလို့ရှိသေး

"ကြည့်မေ့နေတာဘဲ မမဏီတို့ကတော့
ဒီ၀တ်စုံနဲ့တော့မဖြစ်ဘူးဆိုတော့ နန်းနဲ့လိုက်ခဲ့
နန်းပြင်ဆင်ပေးမယ် လာ"

ဒီနေ့ကမြင့်သော်မွေးနေ့ကော ဟုတ်လို့လား
ဏီအတန်ကြာစဉ်စားနေပေမဲ့ ဦးနှောက်ထဲကမထွက်
ပြီးတော့ နန်းကိုလဲ ကိုကိုအခြေအနေမေးချိန်တောင်မရလိုက်ပြန်

👄👄👄👄👄

ဏီလဲနန်းဆွဲခေါ်ရာကိုလိုက်ခဲ့ပြီး ဏီကိုပြင်ဆင်ပေးဖို့
မိတ်ကပ်ဆရာမ၊၀တ်စုံနဲ့ တခြားအဆင်တန်ဆာတွေကလဲ
အဆင့်သင့်ရှိနေပြီးသားဖြစ်တာကြောင့် ဏီမပြင်လာတာကို
သိနေတဲ့အတိုင်း

မိနစ် အနည်းငယ် အကြာ.................

"ပြီးပါပြီရှင့် မမကထင်ထားတာထက်တောင်
လှနေလိုက်တာ မျက်လုံးလေးဖွင့်ပြီး မှန်ကိုကြည့်ပါဦး
သဘောကျရဲ့လားရှင့်"

မိတ်ကပ်ဆရာမက ပြောလိုက်တော့
ဏီမျက်လုံးလေးတွေဖြည်းညင်းစွာ ဖွင့်လိုက်သည်

တဖက်ကမ်းအလွန်Where stories live. Discover now