အပိုင်း(၁၆)

0 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
                       အပိုင်း(၁၆)

Sun ကုမ္ပဏီ........

"သူဌေးကတော်က ဘော့စ်ကိုလာရှာတာလားရှင့်"

ဏီကိုကို့ကို ရုံးခန်းထဲလဲ သွားကြည့်လာပြီး မတွေ့တာကြောင့်
ကုမ္ပဏီထဲယောင်လည်လည်ဖြစ်နေတာမို့ လက်ထောက် မန်နေဂျာထက်ထက်က  လာမေးလိုက်ခြင်း

"ဟီး ဟုတ်တယ်အမ ကိုကိုဘယ်သွားတာလဲဟင်"

တရိုတသေလေးမေးလာတဲ့ ဏီကို နှစ်လိုဖွယ်အပြုံးဖြင့်

"ဘော့စ်က ဘယ်မှမသွားပါဘူးရှင့်
ဒီနေ့အရေးကြီးmeetingရှိလို့ပါ"

"အော် " စကားပြောပုံလေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေလဲမသိ ပါးဖောင်းဖောင်းကိုဖျတ်ညစ်ချင်စရာကောင်းလှသည်

ရိန်းသည်းသည်းလှုပ်အောင် ချစ်နေတာလဲမပြောနဲ့ ဟွန့်

"meeting ပြီးရင်ဏီရုံးခန်းထဲမှာ      စောင့်နေတယ်လို့ပြောပေးပါနော် "

"ဟုတ်ကဲ့ပါ သူဌေးကတော်ရှင့်"

"ဟာ ဘယ်လိုအခေါ်အဝေါ်ကြီးတုန်း ဏီလိုဘဲခေါ်ပါ "

"ဟုတ်ပါပြီ ဏီလေး"

မန်နေဂျာထက်ကိုပြုံးပြပြီး ခုန်ဆွခုန်ဆွလေးပြေးထွက်သွားသည်
သူဌေးကတော်ဂုဏ်မှောက်ပြီး မာနကြီးနေတဲ့ထဲ ဏီလေးမပါတော့
ဘော့စ်ကိုစိတ်ချရပါတယ်

============

"ဒါဆို ဒီနေ့တော့ ဒီလောက်နဲ့နားကြရအောင် "

အစည်းအဝေးလဲပြီးစီးတော့ ဘဏ်မနေ့ကတစ်နေကုန်
ဏီအတွက် surpriseလုပ်ဖို့ အလုပ်ရှုပ်နေတာမို့
ပင်ပန်းသလိုဖြစ်နေတယ်

ပါးတစ်ဖက်ကနာတာမပျောက်သေးဘဲ နောက်တဖက်ကထပ်တိုးလာပြန်တော့

"သူရ ငါ့ကိုရေခဲအိတ်သွားယူပေးစမ်း ပြီးရင်ရုံးခန်းထဲယူလာခဲ့"

"ဘယ်နှစ်ထုပ်လဲဘော့စ်"

ဘဏ်သူရကိုမျက်မှောင်ကုတ်ပြီး ကြည့်လိုက်ရော

"ဟဲ ကျွန်တော်သိပါပြီဗျ"

~~~~~~~~~~~~~~

"ကျွီ ဟင် "

တဖက်ကမ်းအလွန်Where stories live. Discover now