(၁၇)

0 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
                            အပိုင်း(၁၇)

ဏီကိုအိမ်မှာ လာတောင်းရမ်းမဲ့အကြောင်းကို ကိုကိုနဲ့ဆွေနွေးပြီးပြီဆိုပေမဲ့ အဖွားဘယ်လိုစပြောလို့စပြောရမှန်းမသိဖြစ်နေသည်

"ဖွားဆေးသောက်ချိန်ရောက်ပြီ"

ဆေးရုံဆင်းထားတာ သိပ်မကြာသေးတော့
အိပ်ခန်းထဲတွင်သာအနားယူခိုင်းထားသည်
ခေါင်းမာလွန်းတဲ့အဖွားကတော့ ဟိုဟာလုပ်မယ်
ဒီဟာမမယ်နဲ့ ဂျီကျနေရော ချုပ်ရိုးတွေပြေသွားမယ်ကကြောက်ရပြန်

"ဖြည်းဖြည်းသောက်ပါ ဖွားရေ ဗိုက်နာနေအုံးမယ်"

ရေခွက်ပြန်ချပြီး ဏီကိုစူးစမ်းသလိုအကြည့်တွေနဲ့ ကြည့်နေတော့
ဏီမလုံမလဲဖြစ်နေတယ်

"မနက်ကတည်းက ငါ့နားရစ်သီရစ်သီလုပ်နေတာ ဘာပြောချင်နေတာလဲမြန်မြန်ပြော"

ဘုရားရေ ဖွားဘယ်လိုများသိသွားတာပါလိမ့် ဏီ
စိတ်တွေအရမ်းလှုပ်ရှားနေလို့ ဒီလောက်တောင်
သိသာနတောလားဘဲ

"ဟဲဟဲ ဟိုလေ ဟို"

"တဟိုဟိုနဲ့ ပြောစရာရှိတာသာ ပြောစမ်းပါ "

ဖွားခင်က ဏီကိုငယ်ငယ်ကတည်းက
စောင့်ရှောက်လာတာဘဲလေ ဏီအကြောင်းမသိတာမှမဟုတ်တာ

"ကိုကိုဘဏ်ကလေ ဏီကိုအိမ်မှာလာတောင်းမှာတဲ့
အဲ့တာလေ ဖွားဖွားက....."

"ဟိုလူလေးမလား အပြစ်ပြောစရာတော့မရှိပါဘူး
သူ့မိဘတွေရဲ့အခြေအနေကိုလဲကြည့်ရအုံးမယ်လေ
ဒါမှ ငါအဖိုးတန်မြေးလေးကို စိတ်ချရမှာပေါ့"

"ဖွားကလည်း ဘာစိတ်ချတာတုန်း ဏီတို့ကတူတူနေမှာဘဲကို"

~~~~~~~~~~~~~~~

"တီ တီ.........."

အိမ်ရှေ့က ကားဟွန်းသံကိုကြားလိုက်တာနဲ့
ဏီရင်ဘတ်အစုံလိုက် ပြုတ်ထွက်တော့မည့်အလား
ခုန်ပေါက်နေတယ်

"ဖွား  ကိုကိုတို့လာပြီ ဏီတံခါးသွားဖွင့်လိုက်အုံးမယ်နော် ခဏစောင့်"

==================

ဘဏ်ရဲ့အမေဖြစ်သူ ဒေါ်သူဇာက နယ်ခဏပြန်နေတော့
ဘဏ်တို့လဲ ဖုန်းနဲ့ဘဲလှမ်းအကြောင်းကြားလိုက်တယ်
ဒေါ်သူဇာက ဘဏ်ကိုအရမ်းချစ်တော့ ဘာမပြောလိုပါဘူးတဲ့

ဦးထွန်းတောက်လဲ အိမ်ကနေ ကားမောင်းထွက်လာကတည်းက
သားဖြစ်သူရဲ့မျက်နှာထက်မှာ ပီတိတွေဝြေဖာနေတာတွေရတော့
ကောင်မလေးကိုတော်တော်ချစ်ပုံရပါတယ်

"သား အဲ့လောက်စိတ်မလှုပ်ရှားပါနဲ့ ဖေဖေကူပြောပေးပါ့မယ်"

ဘဏ်ပခုံးကိုပုတ်ပြီး အားပေးစကားပြောလာတဲ့ ဒယ်ဒီကို
ဘဏၠ

"ကျွန်တော် စိတ်လှုပ်ရှားနေတာမဟုတ်ပါဘူး အဖေကျွန်တော်ဘေးမှာရှိနေပေးလို့ ပျော်မိတာပါ"

သားဖနှစ်ယောက်စကားပြောနေတုန်း ဘဏ်ကိုကြိုဖို့
သူရဲ့နဂါးမလေး ထွက်လာပါပြီ လူကမရောက်သေးဘဲ
သူမပါးပြင်ပေါ်က သနပ်ခါးနံ့ သင်းသင်းလေးကို ကြားနေရပြီ

"ဟို အန်ကယ်တို့ အိမ်ထဲ၀င်ပါရှင့် "

မြန်မာ၀မ်းဆက်အပန်းရောင်လေးနဲ့ ဖြူစင်တဲ့အကြည့်တွေကို
ဦးထွန်းတောက် လှည့်ကြည့်လိုက်တော့ ဒါဘယ်လိုခံစားချက်ပါလိမ့်
ထူးဆန်းလိုက်တာ ဒီကလေးကိုငါရင်းနှီးနေသလိုဘဲ

👣👣👣👣👣👣

"ကိုကိုအန်ကယ်နဲ့ ခဏစောင့်ဦးနော် ဖွားကိုသွားခေါ်လိုက်ဦးမယ်"

ဘဏ်ခေါင်းငြိမ့်ပြလိုက်တော့မှ သုတ်သုတ်လေးထွက်သွားသည်

ဖွားကိုမထူရင် ထွက်လာနေရင်း "ဒုတ်" ဟင်ဖွားဖွား လက်မခိုင်ထားတော့မဖြစ်နိုင် တုတ်ကောက်လေးရုတ်တရက်လွှတ်ကျသွားတာကြောင့်
ဏီအံသြနေတုန်း

"မင်း ထွန်းတောက် ငါအိမ်ထဲကနေ အခုချက်ချင်းထွက်သွားစမ်း"

-ဖတ်ပေးတဲ့သူတိုင်းချစ်တယ်😘

တဖက်ကမ်းအလွန်Where stories live. Discover now