အပိုင်း(၁၂)

0 0 0
                                    

💙💙တစ်ဖက်ကမ်းအလွန်💙💙
                      အပိုင်း(၁၂)

"ဒုန်း စိုးနိုင်"

တစ်ကုမ္ပဏီလုံးက၀န်ထမ်းတွေ အလုပ်ရှုပ်နေကြတဲ့အချိန်
ဓူဝံလဲဒေါသမီးတွေတောက်နေတယ် ငွေအလုံးသွဲစားမှု၊
မှောင်ခိုမှု၊တခြားတရားမ၀င်အလုပ်တွေကြောင့် ဓူဝံကြယ်ကို
တရားဆွဲဆိုထားကြတယ်ဆိုဘဲ

မိဘအမွေတွေကို လင်ရောမယားပါ သုံးဖြုန်းနေလို့ပြောင်လုနီးပါး
မိန်းမကလဲရှုပ်သေး တရားမ၀င် ဘိန်းခင်းတွေစိုက်ပြီး ဆေးပြားတွေတင်သွင်းတယ်

ကျစ် ဓူဝံဒီတိုင်းတော့အဖမ်းမခံနိုင် ကုမ္ပဏီသာအသိမ်းခံမည်ဟုတွေးကာ

ဒုန်းခနဲ စားပွဲကိုလက်သီးဖြင့်ထုလိုက်ကာ ရှိသမျှစာရွက်တွေကို
လွတ်ပစ်လိုက်တယ်

"ဟုတ်ကဲ့ ဆရာ"

စိုးနိုင်ကိုအော်ခေါ်လိုက်တာမို့ တန်းပြေးလာရခြင်း ၀န်ထမ်းတွေလဲအဖမ်းခံရမှာ ကြောက်တာမို့ အလုပ်ထွက်စာတွေတင်နေကြပြန်

"ဒါ ဘယ်သူ့လက်ချက်လဲဟမ် ပြောစမ်း"

"ကျွန်တော် ကျွန်တော် ဟို ဟို "

"တဟိုဟိုနဲ့မြန်မြန်ပြောစမ်း"

"Sun ကုမ္ပဏီက Boss Rainရဲ့ လက်ချက် ပါ"

ဓူဝံကြောင်သွားတယ် ငါနဲ့သိကြလို့လား
ငါနဲ့ဘာရန်ငြိုးရန်စတွေရှိဘဲနဲ့

"ဟို ဆရာ ဆရာကတော်က
သူ့ကောင်မလေးကိုသွားရန်စတာလို့ ပါ တဲ့"

"ဘာ ခရေက သွားရန်စတယ်
သူ့ကောင်မလေးကဘယ်သူတုန်း "

ခရေက အမြဲသူဌေးကတော်ဂုဏ်မောက်နေသူဆိုတာသိပေမဲ့
ဒီလိုဘလိုင်းကြီးတော့ ရန်သွားမစလောက်ပါဘူး

"ဇာမဏီသွေးလို့ခေါ်ပါတယ်ဗျ"

"ဘာ"

ဒီတစ်ခါ ဘာဆိုတဲ့အော်သံက ကျယ်လောင်ကာစူးရှလွန်းသည်မို့ ကုမ္ပဏီတစ်ခုလုံးပင်တုန်ခါသွားမလားမသိပေမဲ့လို့
စိုးနိုင်အသက်ပင်ပျောက်သွားလောက်ပါပြီ

====================

"ဝူ ကျွီ "

ကားသံကြားတာနဲ့ မောင်ပြန်လာပြီဆိုတဲ့အသိနဲ့
ခရေသွားကြိုလိုက်ကာ

တဖက်ကမ်းအလွန်Where stories live. Discover now