ထျန် နိုင်ငံ၏ နန်းတော်ကြီး တစ်ခုလုံးအဖြူရောင်လွှမ်းနေပြီး တရှုံ့ရှုံ့ငိုသံတွေမှ အပအခြားအသံမရှိ။
ဘုရင်ကြီး၏ ခေါင်းတလားရှေ့မှာ ဒူးထောက်လျှက်ခေါင်းငိုက်စိုက်ကျနေသော မင်းသားနှစ်ပါးကား မျက်ရည်တွေမကျပေမယ့် ရင်ထဲမှာ ဗလောင်ဆူနေသည်။ အသက် လေးဆယ်ကျော်သာရှိသည့် ခမည်းတော်မင်းကြီးဟာ ရုတ်တရက်ဆုံးပါးသွားတော့ သူတို့အတွက် အုတ်တံတိုင်းကြီးပြိုသွားသဖွယ်ပင်။ ခမည်းတော် နတ်ရွာစံတာနဲ့ မကြာခင် စစ်ခေါ်သည့် တိုင်းပြည်တွေရှိလာတာကြောင့် မင်းသားနှစ်ပါးအတွက် အသက်အန္တရာယ်စိုးရိမ်နေရသည်။
မင်းသားအကြီး ချူယော့ ဟာ အသက် ၂၀ အရွယ်ရှိပြီး မကြာခင်ကပဲ လက်ထပ်ပွဲကျင်းပထားတာဖြစ်သည်။ ဖခင်ဖြစ်သူရဲ့ မြေးချီချင်တဲ့ ဆန္ဒကိုလိုက်လျှောပေးချင်တာကြောင့် လက်ထပ်ပွဲကို လက်ခံပေးခဲ့တာဖြစ်သည်။ ဖခင်၏ အလိုကျ သူ့ကြင်ယာတော်မှာလည်း ကိုယ်ဝန် လေးလခန့်ရှိနေပြီးဖြစ်သည်။ သို့ပေမယ့်လည်း ခမည်းတော်က အစောကြီးနတ်ရွာစံသွားခဲ့လေပြီ။
မင်းသားအငယ် ရှောင်းကျန့်က 18 နှစ်သာရှိသေးသည်။ မင်းသားနှစ်ယောက်လုံးက ကိုယ်စီ အရည်ချင်းရှိကြသည်။ သို့ပေမယ့် စစ်ပွဲဖန်တီးရန် အသက်ရွယ်ရော အတွေ့ကြုံပါမရှိသေးတာမို့ လောလောဆယ်ငြိမ်နေရသည့်အခြေနေမှာရှိသည်။
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။