Part-11

1.2K 137 12
                                    

မနက်မိုးလင်းတော့ ရိပေါ်နိုးလာကာ ညကအဖြစ်ပျက်တွေတရိပ်ရိပ်ခေါင်းထဲပေါ်လာသည်။ ထိုအခါ အခန်းပြင်သို့ပြေးထွက်‌ပြီး

"ဝမ်းနင်...."

ဝမ်းနင်ကသူ့အား အရိုသေပြုသည်။

"ည ညကအခြေနေဘယ်လိုဖြစ်သွားလဲ။"

"ကျွန်တော် လည်းအချိန်မှီလာပေမယ့် နဲနဲနောက်ကျသွားတယ်။ ဒါပေမယ့်အခါတော့မနှောင်းသေးပါဘူး။"

"ငါ ရှောင်းကိုသွားတောင်းပန်မှဖြစ်မယ်။"

"စစ်သူကြီး..."

ရိပေါ် အပြင်ထွက်ရန်ပြင်ဆင်ဖို့လုပ်စဉ် ဝမ်နင်က မရဲတရဲခေါ်ပြီး

"ကျွန်တော် ရိပ်မိတာ။ စစ်သူကြီးက မင်းသားရှောင်းကို ချစ်မိနေတယ်လို့ ရိပ်မိတယ်။"

"......."

"ဒါ ဒါပေမယ့် အဲ့လောက်ထိကြီး တော့မထင်ဘူး။"

"......"

"စစ်သူကြီးအနေနဲ့ အရမ်းကို ကြည့်ရဆိုးပါတယ်။ စစ်သူကြီးရာထူးနဲ့ မလိုက်ဖက်လောက်အောင်ကြည့်ရဆိုးပါတယ်။"

"မင်း.."

စစ်သူကြီးကရှေ့တိုးလာတော့

"မင်း မင်းသားရှောင်းကအရမ်းစိတ်ဆိုးနေပါတယ်။ လေ့ကျင့်ရေးကွင်းကိုမသွားခင် သူ့ကိုတောင်းပန်သင့်တယ်။"

ရိပေါ်လည်း မင်းမှတ်ထားဆိုတဲ့အကြည့်နှင့် သတိပေးကာ ကြည့်ပြီးနောက် ထွက်သွားလေသည်။

________

"ရှောင်း..."

ရှောင်းကျန့်က တစ်ဖက်လှည့်ထိုင်နေတာဖြစ်သည်။

"ကိုယ်တောင်းပန်ပါတယ်။ ရှောင်းကိုရိုင်းရိုင်းစိုင်းစိုင်းမလုပ်သင့်ဘူး။ ကိုယ်မှားသွားတယ်။ ကိုယ်တိရစ္ဆာန်စိတ်ပေါက်သွားတယ်။"

"ထားလိုက်ပါ ငါကစပြီး စစ်သူကြီးကိုချည်းကပ်ပြီး ပေးထားတာဆိုတော့ ဒီလိုတွေအလုပ်ခံရတာမဆန်းပါဘူး။ "

"အဲ့လိုမဟုတ်ဘူး။ ရှောင်းကို လုပ်ချင်တိုင်းလုပ်လို့ရတယ်လို့ တွေးလိုက်တာမဟုတ်ဘူး။ အရက်မူးနေလို့ ပြီးတော့ အရမ်းသဝန်တိုနေလို့။"

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်Where stories live. Discover now