ရက်တွေအလီလီကြာသွားပေမယ့် စစ်သူကြီးကတော့ သူ့ဆီကို တစ်ကယ်ပဲရောက်မလာခဲ့ပါဘူး။ ရှောင်းကျန့်တစ်နေ့ တစ်နေ့စားမဝင်အိပ်မပျော်ဖြစ်နေတာ ဘာကြောင့်လဲဆိုတာကို လည်းလီလီ အဖြေရှာမရပါပဲ စိတ်ညစ်နေရသည်။
"မင်းကြီးကြွလာပါပြီ။"
ထိုအသံကြောင့် ရှောင်းကျန့်ရော လီလီပါအတွေးတွေပျက်ပျယ်သွားရသည်။ ရှောင်းကျန့်နန်းဆောင်ထဲဝင်လာတော့ ရှောင်းကျန့်က နေရာဖယ်ကာ အရိုသေပေးလိုက်သည်။
"ရှောင်း..."
မျက်နှာတင်မဟုတ် အသံကိုပါမသတီတာမို့ ရှောင်းကျန့် ခေါင်းပင်မော့မကြည့်ပေ။
"ကျန်းမာရေးတော်တော်လေး ထိခိုက်သွားတယ်ကြားတယ်။ ကိုယ်တော့်ပေါ့ဆမှုကြောင့်ပါ။ "
"ရပါတယ်။ "
"တစ်ယောက်တည်း ပစ်ထားခဲ့သလိုဖြစ်သွားလို့ တောင်းပန်ပါတယ်။"
"အရှင်မင်းကြီး ဒီလောက်မိဖုရားတွေ ကိုယ်လုပ်တော်တွေများနေတာဆိုတော့ နားလည်ပေးပါတယ်။"
"ဟား....အထင်မလွဲပါနဲ့။ တိုင်းရေးပြည်ရေးကိစ္စတွေ အရမ်းများလာလို့ပါ။"
ရှောင်းကျန့် တိတ်တဆိတ်မဲ့ ရွဲ့လိုက်သည်။
"ရှောင်းကိုပိုင်ဆိုင်ရဖို့ အများကြီးရင်းနှီးခဲ့ရတယ်။"
"ဘဏ္ဌာငွေတွေနဲ့ မလုံလောက်ဘူးလား။"
"ဟား...ဘဏ္ဌာငွေတွေက တန်ဖိုးရှိပေမယ့် စစ်ပွဲတစ်ခုမှာ ဘဏ္ဌာကြီးပဲ ရှိနေလို့မဖြစ်ဘူးလေ။"
"......."
"ကိုယ်တော် တွေးထားတာ ရှောင်းကကိုယ်တော့်အပေါ် ဒီထက်ဆိုးဆိုးရွားရွားဆက်ဆံမယ်ထင်ခဲ့တာ။"
"ကျွန်တော်ကလေး မဆန်ပါဘူး။"
"ဒီအတောတွင် စုန့်နိုင်ငံရဲ့ အကွယ်ကြောင့် ထျန်နိုင်ငံ ကိုထိပါးချင်တဲ့သူတွေနောက်ဆုတ်သွားတယ်။ မင်းသားရှောင်းရဲ့ပေးဆပ်မှုတွေ အလဟသတ်မဖြစ်ပါဘူး။"
"ဒါပေမယ့်."
"ဒါပေမယ့် ဘာဖြစ်လဲ။"
"လူရိုင်းအုပ်စုကိုတော့ စစ်သူကြီးဝမ်ဦးဆောင်ပြီး သွားရှင်းတယ်။ "
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။