Part-8

838 123 16
                                    

စစ်သူကြီးဝမ်အရင်ဆုံးနိုးလာခဲ့သည်။ နိုးလာတာနှင့်ခေါင်းထဲ ဝင်လာတာက သူကိုယ်လုပ်တော်ဆောင်မှာအိပ်ခဲ့တယ်ဆိုတာပင်။ သူ့ရင်ခွင်ထဲအတင်းတိုးဝင်ပြီး နှစ်ခြိုက်စွာအိပ်နေသူကိုငုံ့ကြည့်ရင်း ခံစားမိတာက ထူးဆန်းသည်။ သူခုလိုလုပ်လို့ နောင်တရလိမ့်မယ်လို့သူထင် ပေမယ့် နောင်တဆိုတာမျိုးကို တစ်စိုးတစ်စိမှ မခံစားရပေ။ အိပ်ပျော်နေသူကိုကြည့်ရင်းက ပိုင်ဆိုင်လိုစိတ်တွေ ပိုမိုကြီးလာလေဖြစ်သည်။

*ငါ့အပိုင် သူက ငါ့အပိုင်*

ထိုစဉ်ရှောင်းကျန့် မျက်လုံးတွေပွင့်လာပြီး

"လောင်ကုန်း နိုးပြီလား။"

ရိပေါ် သူ့အား ကြောင်ငေးနေမိသည်။ ဘယ်လိုအခိုက်တန့်မျိုးလဲ။ မနက်ခင်းမှာ ဇနီးသည်က နှုတ်ဆက်သလိုမျိုးခံစားရပြီး ရင်ထဲမှာနွေး‌သွားသည်။

"စစ်သူကြီးရဲ့ ကတော်နိုးလာပြီလေ။"

ရိပေါ် တံတွေးဂလုကနဲမျိုချလိုက်သည်။ ကြောင်အမ်းအမ်းဖြစ်နေတဲ့ သူ့ကိုရှောင်းကျန့် ချစ်စဖွယ် လှောင်ရယ်၏။ ထိုအခါ ရိပေါ် ရှောင်းကျန့်ကို ရုတ်တရက်ကြီး မပြောမဆို နမ်းရှိုက်လာလေသည်။

"အ့...ဝမ်....."

ရှောင်းကျန့် လည်တိုင်နုနုလေးက နူးညံ့ပြီးမွှေးမွှေးအီအီလေးဖြစ်နေရာ စစ်သူကြီးမှာ ထိုကနေပင် ရုန်းမထွက်နိုင်ဖြစ်ရသည်။

"ဝမ်...ယား..နေပြီ။"

အင်္ကျီကို ဆွဲဖြဲပြီး အထဲကခြယ်ရီသီးလေးတွေကို စုပ်ငုံပြန်သည်။ တစ်နေရာစီကို အကြာကြီး လုပ်နေသည့် စစ်သူကြီးက ဘယ်လောက်တောင် လွမ်းဆွတ်တမ်းတနေလဲဆိုတာ သိသာပေါ်လွင်၏။ ညဝတ် အင်္ကျီရှည်အပါးလေးအောက်က ရှောင်းကျန့်ပေါင်တံလေးတွေဟာဆိုရင် လက်ကြမ်းကြီးပွတ်သပ်မှုကြောင့် လွန့်လူးနေရသည်။

"အ့...‌တော်တော့....အဲ့လိုလုပ်နေတာတွေရပ်တော့။"

ရိပေါ်လည်း သူ့ပေါင်ကြားတွေထဲနေရာယူပြီး သူ့အရာကိုတိုးဝင်လာတော့သည်။

"အာ့..."

ရှောင်းကျန့်ခေါင်းမော့ကာ အော်ညည်းမိသွားပြီး လွမ်းဆွတ်နေရတဲ့ စစ်သူကြီး၏ အထိတွေကို ပြန်ရသည့်အခါ အထဲကချက်ချင်းတုန့်ပြန်လာသဖြင့် စစ်သူကြီးမှာ သာယာမှုကို ခံစားရလေသည်။ ပထမအကြိမ်တုန်းကလို နာကျင်တာတွေမရှိတဲ့အခါ ရှောင်းကျန့် တုန့်ပြန်မှုလေးက ပိုလို့ချစ်စရာကောင်းနေ၏။ သူကအောက်ကနေ စည်းချက်ညီညီ‌လေး ပြန်လှုပ်ရှားပြီး အသံသေးသေးလေးနှင့်ညည်းနေတာ စစ်သူကြီး တစ်ကိုယ်လုံးအကြောတွေထောင်ပြီး ရူးချင်သလိုဖြစ်လာသည်။

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်Where stories live. Discover now