Part-12

340 67 5
                                    

တစ်ပတ်တိတိလေ့ကျင့်ရေးကွင်းမှာ အပြင်းထန်သင်တန်းပို့ချမှုကြောင့် ရှောင်းကျန့်ကိုမတွေ့ရပေ။ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ကြားက သတိရနေတယ်ဆိုတာကြီးကတော့ ဆေးမမှီတော့ဘူးထင်။ မောဟိုက်လွန်းလို့ ခန္တာကိုယ်က နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ အပြင် ချွေးထွက်များလို့ နှုတ်ခမ်းတွေက ဖြူဖက်နေသည်။

"စစ်သူကြီး ခနလောက်နားလိုက်ပါလား။"

ရိပေါ်ခေါင်းခါသည်။ ဒီကိုရောက်နေတာ ၃ ရက်ရှိပြီဖြစ်ရာ တစ်ရက်ထက်တစ်ရက် ပိုပိုသတိရလာသည်။ အားလုံးလေ့ကျင့်ရေးပြီးလို့ နားနေချိန်မှာတော့ သူလည်းရပ်တန့်လိုက်ရသည်။ ကိုယ့်ခန္တာကိုယ်အတွက်လည်း ဂရုစိုက်ရန်လိုအပ်သေးသည်ဆိုတာ‌ကိုတော့ ခေါင်းထဲရှိသည်။

ရဲမက်တွေလည်း မောမောနှင့် အိပ်ပျော်တဲ့သူကအိပ်ပျော်ဖြစ်နေသည်။ နေ့လယ်ခင်း နေအရမ်းပူတဲ့အချိန်မို့ နားချိန်ကြာကြာလေးပေးထားသည်။ ရိပေါ်လည်း လန်းဆန်းသွားအောင် အနီးနားက စမ်းချောင်းလေးမှာရေသွားစိမ်လိုက်သည်။ စမ်းချောင်းလေးက တိမ်တိမ်လေးနှင့် ကြည်လင်ပြီး ရေစီးနေရာ ရိပေါ် အဲ့ဒီထဲကိုလှဲချပစ်လိုက်သည်။ လက်တွေကိုခေါင်းအောက်ထိုးကာ မျက်လုံးအစုံကိုမှိတ်ချလိုက်ရာ စမ်းချောင်းရဲ့ လန်းဆန်းအေးမြတဲ့ ရေအေးက ရှောင်းကျန့်အပြုံးတွေကိုသတိရသွားစေသည်။

"ရှောင်း...."

ရှောင်းကျန့်နှုတ်ခမ်းလေးတွေကို ထိရတယ်လို့စိတ်ကူးယဉ်မိတော့ ကြွလာတဲ့ညီလေးကြောင့် ရိပေါ်အာရုံတွေအမြန်ဖျက်လိုက်ရသည်။

"ဘာလဲ။ ဆယ်ကျော်သက်ကလေးတစ်‌ယောက်လိုပုံစံနဲ့ ငါရူးသွားပြီလာ။"

ရိပေါ်ရေချိူသန့်စင်ပြီး နားနေခန်းထဲရောက်တော့ စိတ်တည်ငြိမ်ရန် ရန်သူ့နယ်‌၏ မြေပုံများကိုလေ့လာနေ၏။ ထိုစဉ်

"စစ်သူကြီး.."

စစ်သည်တော်တစ်ယောက်ဝင်လာတော့ ရိပေါ် မော့မကြည့်ပဲ

"အချိန်ရလား စစ်သူကြီး..."

ရိပေါ် ဆက်ကနဲမျက်လုံးကိုလှန်ကာကြည့်လိုက်သည်။ ရှေ့က စစ်သည်တော်က ခေါင်းကိုငုံ့ထားသည်။ ဝတ်စုံက သူတို့ရဲမက်တွေဝတ်တဲ့ အနက်နှင့် အနီဖြစ်ပေမယ့် ဝတ်ထားပုံက မသေသပ်ပေ။ အဝတ်စားဝတ်ပုံအသေးစိတ်က အစ စစ်သူကြီးကဂရုစိုက်တာဖြစ်လို့ခုလို မူမမှန်တဲ့ လူဆိုချက်ချင်းရိပ်မိသည်။ ရိပေါ် မသိမသာ ဘေးကဓားရှည်ကိုဆွဲလျှက် ထိုလူ၏လည်ပင်းပေါ်ကောက်တင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: 12 hours ago ⏰

Add this story to your Library to get notified about new parts!

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်Where stories live. Discover now