part -7

1K 138 17
                                    

‌ညနေစောင်းပြီး မှောင်ရိပ်ပျိုးလာပြီဖြစ်လို့ အိမ်တ်ခုလုံးကို မီးအိမ်တွေလိုက်ထွန်းလိုက်သည်။ စစ်သူကြီး၏ရင်ထဲမှာ ဆို့တတ်နေသည့်အလုံးကြီး ဘယ်လိုလုပ်မှ ကျနိုင်မည်နည်း။ ထိုစဉ် သူ့တပည့် ဝမ်းနင် ရောက်လာပြီး

"စစ်သူကြီးကို အရဲစွန့်ပြီးပြောပါရစေ။"

"ဘာလဲ။"

"ဒီလောက်ပြတ်သားတဲ့ စစ်သူကြီးက ဘယ်လိုလုပ် ဒီကိစ္စကို မချင့်မရဲဖြစ်နေတာလဲ။"

"မင်းဘာတွေလာပြောနေတာလဲ။"

"ကျွန်တော် ရိပ်မိပါတယ်။ စစ်သူကြီးမပြောပဲ ကျွန်တော်ရိပ်မိနေတယ်ဆိုတာ စစ်သူကြီး ဘယ်လောက်တောက် ပုံစံပျက်နေလဲ တွေးသာကြည့်ပါတော့။"

ရိပေါ်ဝမ်းနင်အား မယုံနိုင်စွာကြည့်ပြီး

"အဲ့တော့ ငါ့ကိုမင်းကရော ဘယ်လိုလုပ်စေချင်နေတာလဲ။"

"ကိုယ်ချစ်တဲ့လူကို တစ်ခြားတစ်ယောက်ရင်ခွင်ထဲမှာရှိနေတာ ကျွန်တော်တွေးတောင်မကြည့်ရဲဘူး။"

ထိုအခါစစ်သူကြီးက ဝမ်းနင်၏ ရင်ဘက်က အင်္ကျီစကိုဆောင့်ဆွဲပြီး

"စကားကိုဆင်ခြင်ပြော။ ငါ မင်းကြီးရဲ့ကိုယ်လုပ်တော်ကို အဲ့လိုဖြစ်စရာအကြောင်းမရှိဘူး။"

"ဒါဆိုလည်း ကျွန်တော်မှားသွားတယ်ထင်ပါတယ်။ ကျွန်တော် စစ်သူကြီးနောင်တရနေမှာစိုးလို့ပါ။"

ဝမ်းနင်ထွက်သွားတော့ ရိပေါ် အတွေးများစွာဖြင့်ကျန်ခဲ့သည်။ ရုတ်တရက် မင်းကြီးရင်ခွင်ထဲကရှောင်းကျန့်ကို မြင်ယောင်ပြီး

"ခွမ်း..."

စားပွဲပေါ်က လက်ဖက်ရည်ပန်းကန်လုံးတွေကို ရိုက်ထုတ်ပစ်လိုက်သည်။ အချိန်ကနှောင်းသွားခဲ့ပြီ။ ဒီအချိန်ဆို သူတို့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရောပေါ့။ မဟုတ်မှ သူများငိုနေမလား။ သူနဲ့အတူနေတုန်းက အရမ်းနာလို့ဆိုပြီး သူ့ကိုအတင်းပဲ ဖက်ငိုနေတာကိုသတိရသွားသည်။

/နာ နာတယ်။ ‌ဟင့်...ရှောင်းလို့ခေါ်ပါလား စစ်သူကြီးဝမ်/

"ရှောင်း"

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်Where stories live. Discover now