"အဲ့တာ အကို့ကိုစတာနေမှာပါ သူ့နာမည်အရင်းက
ညို့ပန်းသွင်လေ ဒီရွာရဲ့ကျောင်းမှာ လေးတန်းအတန်းပိုင်ဆရာမ""ဗျာ!!!!!"
ကြည့်စမ်း။ဒီကောင်မလေးကသူ့ကိုမှတ်မိနေပြီး စိတ်ဆိုးနေတာမို့ သူ့ကိုမသိအောင်နာမည်အဖျားလေးပဲမိတ်ဆက်သွားခြင်းဖြစ်သည်။သွင့် ရုပ်ကလေးက ငယ်ငယ်ကလိုမဟုတ်တော့ပဲ မျက်နှာခပ်ပြည့်ပြည့်လေးနဲ့အလှကြီးလှလာတာမျိုး။ပြင်တတ်ဆင်တတ်လာတာမို့အသားကဖြူနေကာ ဆံပင်လေးတွေကတော့တင်ပါးအထိရှည်ကျကာထူနေသေး၏။သူမမှတ်မိတာလဲမပြောနဲ့လေ သွင်က ငယ်ငယ်ကအတ်ုင်းပိန်သေးသေးကောင်မလေးမဟုတ်တော့တာပဲ။ဒါပေမဲ့စွာစိကလေးဖြစ်နေသေးတာကို သူလုံးဝမေ့နေခဲ့တာပင်။
၈နှစ်တာအတွင်း ခုမှပြန်ဆုံရလို့ဝမ်းသာပါတယ်သွင်။မင်းကိုယ့်အနားပြန်ရောက်လာပြီးမို့ ဒီတစ်ခါအနားကထွက်သွားခွင့်ပေးမယ်မထင်နဲ့။ပြုံးတုံ့တုံ့ ဓနမျက်နှာကိုကြည့်ကာ အောင်ဆန်းတို့နှစ်ယောက်ယောင်လည်လည်ဖြစ်သွားကြသည်။သို့ပေမဲ့ ရှေ့နှစ်ယောက်ကအဝေးကြီးရောက်သွားပြီးမို့...
"ဟာ အကို သူတို့အဝေးကြီးရောက်နေပြီးဗျ"
"လာမြန်မြန်"
သုံးယောက်ကာသုတ်ခြေတင်ကာ ရှေ့ကနှစ်ယောက်နောက်ကိုသဲအသန်လ်ုက်လာခဲ့ကြတော့သည်။
"ညို့"
"ရှင်မမ"
"ညို့ခုနက နာမည်ကိုဘာလို့အပြည့်အစုံမမိတ်ဆက်လိုက်တာလဲ"
"အော် မမရယ် သူစိမ်းတစ်ယောက်ကိုကိုယ့်နာမည်အရင်းကြီးမိတ်မဆက်ပေးချင်လို့ပါ"
"ညို့ရယ် သူက ဘုန်းဘုန်းဘုရားရဲ့ဧည့်သည်တွေပဲဉစ္စာ ဘာမှမဖြစ်လောက်ပါဘူး"
"ညို့ အဲ့လိုကြီးမိတ်မဆက်ပေးချင်ဘူး"
သွင် နှုတ်ခမ်းလေးဆူကာပြောနေတော့မမဖြူက
"ကဲ ဟုတ်ပါပြီး ညို့သဘောပါ စိတ်ကောက်မနေနဲ့နော် မဟုတ်ရင် မမက ဖျော်ရည်ဝယ်မတိုက်တော့ဘူး"
"မမကလည်း"
သွင် မမဖြူလက်လေးကိုလွဲကာချွဲလ်ုက်တော့ မမဖြူကရယ်ပြီး သူ့နှာခေါင်းကိုညစ်ပေးလာသည်။ဈေးကိုလည်းရောက်နေပြီးမို့ ပန်းဆိုင်တွေဘက်သွားကာပန်းဝင်ဝယ်လိုက်သည်။

YOU ARE READING
𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬 "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
عاطفية"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်" ဓနရှင် + ညို့ပန်းသွင်(warning)