Ep-7

3.2K 225 15
                                        

Gemini ဒီနေ့ ရုံးရောက်လာတော့ ချာတိတ်သည်
မရောက်သေးဘူး..။ ပုံမှန်လဲ သူကအမြဲအရင်
ရောက်လေ့ရှိတာကြောင့် နောက်ကျရင် လာမှာပဲ
ဆိုပြီးတော့ စောင့်နေလိုက်သည်..။

ပါလာသည့် နောက်ဆုံးပေါ် Samsung ဖုန်းဘူးလေးကို စားပွဲပေါ်မှာတင်ထားလိုက်သည်..။
ထိုကလေးရောက်‌လာရင် ပေးရမယ့်ဟာလေး
မဟုတ်လား..။

မနက်အစောကြီးထဲကစောင့်နေပေမယ့် ရုံးတက်ချိန်
၉နာရီကျော်သွားတဲ့အထိ ချာတိတ်က မရောက်လာပါ..။ အဲ့တာကြောင့် ဘာဖြစ်လို့မရောက်လာသေးတာလဲ ဆိုတာသိချငိလို့ ဖုန်းဆက်လိုက်မိသည်..။

ဖုန်းဆက်လိုက်တော့ တော်တော်ကြာတော့မှ
ဖုန်းကိုလာကိုင်သည်..။

" ဟယ်..လို.."

အိပ်ချင်းမူးတူးအသံနဲ့ဖြစ်တာကြောင့် အခုထက်ထိ
အိပ်နေတုန်းဆိုတာကို သိလိုက်ရသည်..။

" အလုပ်မလာဘူးလား.."

" ဟမ်..အော်..အဲ့တာကလေ ကျွန်တော်မနေ့က
အစပ်တွေစားပြီး နေမကောင်းဖြစ်ပြီး ဗိုက်တွေအောင့်ပြီး ခေါင်းတွေကိုက်နေတာ မလာတော့ဘူးနော်.."

နေမကောင်းဖြစ်နေကြောင်းကို ရှင်းပြနေလေရဲ့..။
တကယ်ဟုတ်မဟုတ်တော့မသိပါ..။

" အင်းပါ ဂရုစိုက် နေကောင်းအောင်နေ.." ဟု
တစ်ဖက်က ပြန်ပြောလာသည့် ထိုလူ့စကားကြောင့်
ရင်ထဲ‌နွေးထွေးသွားသလိုတောင် ခံစားလိုက်ရသည်..။

အမှန်တကယ်တော့ နေမကောင်းတာမဟုတ်ပါဘူး
ဒီတိုင်းပဲ ညနေကြရင် ကားပြိုင်ဖို့ရှိတာနဲ့
ရုံးဆင်းရင် နောက်ကျမှာဆိုးလို့ တမင်သက်သက်
မသွားတာပင်..။ အဲ့တာကို ဘဲကြီးကယုံပြီး
စိတ်ပူပေးနေလိုက်တာ..။

" အင်းပါ ဒါပဲနော်.."

ချသွားသည့်ဖုန်းကိုက ငါဒီတိုင်းကြည့်နေမိသည်..။
Fourth Nattawat မရှိတဲ့နေ့ဆိုရင် သေချာပေါက်ကုမ္ပဏီဟာ ‌တိတ်ဆိတ်နေပါလိမ့်မည်..။

တစ်ပတ်ကျော်ကျော်လောက် ကုမ္ပဏီမှာ အလုပ်လုပ်ပြီးခဲ့ပြီလေ..။ ပြဿနာတွေကလဲ တစ်နေ့နဲ့တစ်နေအကြောင်းအရာတွေ မထပ်အောင် ရှာပါသေးသည်..။ မွှေချက်ကလဲ ပြောမနေပါနဲ့တော့..
တစ်နေ့ကဆို သူများဌာနက အရေးကြီးတဲ့စာရွက်တွေကို နေရာပေါင်းပြီး ဖွက်ထားတာတဲ့လေ..။
အကြောင်းအရင်းကဝော့ သူ့ကိုခိုင်းလို့ပါတဲ့..။

Anything You Want Baby { COMPLETE }Where stories live. Discover now