ရုံးရောက်တော့လည်း အလုပ်ထဲအာရုံမစိုက်နိုင်ဘဲ စန္ဒာလင်းလုံခြုံရေးအတွက်ခေါင်းစားနေရ၏။
သူအတွေးလွန်နေသည်နှင့် အခန်းတွင်းသို့ဝင်လာသောသူကိုသတိမထားမိ။''ကိုကျော်ခေါင်.. ဘာတွေစဥ်းစားနေတာလဲ''
ပြောပြောဆိုဆိုနှင့် ထိုင်ခုံတွင်ထိုင်လိုက်သော ကုမ္ပဏီရှယ်ယာဝင် ဦးသီဟကိုတွေ့လိုက်ရသည်။
''သြော် ကိုသီဟ..ဒီလိုပါပဲဗျာ''
''ခဏနော်.. မန်နေဂျာကိုခေါ်လိုက်မယ်"
''အခုကအလုပ်ကိစ္စနဲ့လာတာမဟုတ်ပါဘူး ကျနော့်သားကိုကျောင်းလိုက်ပြောင်းပေးတာ''
''ဘာလို့လဲ နှစ်ဝက်ပဲရှိနေပြီမလား''
''မပြောချင်တော့ပါဘူး အဲ့ငမွှေသီးနဲ့တော့..ကျောင်းအုပ်က လက်မခံနိုင်တော့ဘူးဆိုတာနဲ့ ချက်ချင်းပြောင်းပေးရတာ..
သူဆိုးတာက ပြဿနာကြီးကြီးမားမား မဟုတ်ပေမယ့် တော်တော်စိတ်ညစ်ရတယ်
ထိန်းရခက်တာကလည်း ...
သူ့အမေကြောင့် အဲ့ကောင်ပျက်စီးနေတာ
ဘာမှဆုံးမလို့မရဘူး ကာဆီးကာဆီးနဲ့ ဟူးး"ကိုသီဟစကားတွေ တရစပ်ပြောပြီး သူ၏နဖူးပြောင်ပြောင်ကို တစ်ရှူး
ဖြင့်သုတ်လိုက်၏။
ဦးကျော်ခေါင်လည်း ပြုံးလိုက်ကာ''သားသမီးဆိုတော့လည်းဗျာ
သည်းခံရတာပဲ ရော့ ကိုသီဟ ရေအေးသောက်လိုက်ပါဦး''ရေတစ်ခွက်လှမ်းပေးလိုက်၏။
''ကျေးဇူးပဲဗျာ''
ရေသောက်ပြီး နာရီကိုကြည့်လျက်
''ကျွန်တော်လည်းဒီဘက်ရောက်တုန်းလမ်းကြုံဝင်လာတာ..မန္တလေးမှာ အလုပ်ကိစ္စချိန်းထားသေးတယ်''
''ဒါဆို အခုပြန်တော့မယ်ပေါ့ ကိုသီဟ''
''ပြန်တော့မယ် ကိုကျော်ခေါင်
နောက်တစ်ပတ် အစည်းအဝေးကျမှလာခဲ့တော့မယ်
ဒီမှာရော အဆင်ပြေတယ်မှတ်လား ''''အင်း အားလုံးအဆင်ပြေပါတယ် အလုပ်ကိစ္စ အရေးကြီး ရင်ကျွန်တော် အကြောင်းကြားလိုက်ပါ့မယ်''
''ကောင်းပြီ ကျွန်တော် ပြန်လိုက်ဦးမယ်''
ဦးကျော်ခေါင်လည်းထရပ်လိုက်တော့
YOU ARE READING
Forget me not
General Fictionမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...