မနက်စောစောထပြီး နေညီ့အခန်းထဲသို့ဝင်ကာစားပွဲပေါ်၌စာတစ်ရွက်နှင့်ပိုက်ဆံနည်းနည်းတင်ထားလိုက်၏။ပြီးနောက် အိမ်မှထွက်ခဲ့၏။
ကွန်ဒိုဆီရောက်သော် စားပွဲပေါ်တွင်တင်ထားခဲ့သောစန္ဒာလင်းအကြောင်းစာအုပ်ကိုဖတ်မည်ပြုစဉ် ဘဲလ်သံကြားရ၏။ကိုထက်ပိုင်ရောက်လာ၍စာအုပ်ကိုလွယ်အိတ်ထဲထည့်ထားလိုက်၏။
ကျောင်းရှိရာမလှမ်းမကမ်းတွင်ကားရပ်ပြီး"စန္ဒာလင်းအကြောင်းဖတ်ပြီးပြီလား"
"အမ်...ဖတ်ပြီးပါပြီ"
"အဲ့ဒါကိုအိမ်မှာပဲထားခဲ့နော်....
ကျောင်းကိုယူမလာနဲ့"".........."
နေရာအသံတိတ်နေ၍
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"
"စန္ဒာလင်းကျောင်းထဲမဝင်သေးရင်နေရာလည်းမဝင်နဲ့..
သူနဲ့ရင်းနှီးအောင်လုပ်ပါ
သူအိမ်အပြင်မှာရှိနေသရွေ့
နေရာ လည်းသူနဲ့အတူရှိနေပါ၊ကိစ္စတစ်ခုခုရှိရင် ဒီဖုန်းကိုဆက်လိုက်ပါ"နေရာ့ဖုန်းကိုmisscallဝင်လာ၏။
"အခုကစောတော့စောသေးတယ်
ကျောင်းထဲမဝင်နဲ့ဦး၊စန္ဒာလင်းကိုမြင်ရင်သိတယ်မဟုတ်လား""အင်း..သိပါတယ်"
"ကောင်းပြီ..သွားတော့မယ်"
နေရာ လည်းကားပေါ်မှဆင်းလိုက်၏။
ကိုထက်ပိုင် ကားထွက်သွားသည်ကိုကြည့်နေ၏။
လွယ်အိတ်ထဲမှစာအုပ်ကိုအမြန်ထုတ်ကာသစ်ပင်ကိုမှီရင်းဖတ်နေလိုက်၏။
ကျောင်းသားများတဖွဲဖွဲရောက်လာကြ၏။တော်တော်ကြာတဲ့အထိ
စန္ဒာလင်း၏အရိပ်အယောင်ပင်မတွေ့ရ။
စောင့်နေရင်း၁နာရီပင်ပြည့်တော့မည်။'ဒီနေ့ကျောင်းမတက်ဘူးထင်တယ်'ဟုတွေးကာကိုထက်ပိုင်ဆီဖုန်းဆက်မည်ပြုစဉ်
စန္ဒာလင်းကိုဖြတ်ခနဲတွေ့လိုက်ရ၏။
စာအုပ်မှဓါတ်ပုံကိုကြည့်ရင်းထိုမိန်းကလေးကိုကြည့်လိုက်ပြီး
' ဟုတ်တယ် စန္ဒာလင်း..'
အသားဖြူဖြူ ပိန်ပါးပါးကောင်မလေးသည်စာအုပ်တစ်အုပ်ကိုစိတ်ပါဝင်စားစွာဖတ်နေရင်းကျောင်းတံခါးဆီလျှောက်လာနေ၏။
နေရာလည်း လက်မှစာအုပ်ကိုလွယ်အိတ်ထဲထိုးထည့်လိုက်ပြီး နောက်မှခပ်ခွာခွာလိုက်ခဲ့၏။
ဒုတိယထပ်အခန်းတစ်ခုရှေ့တွင်စာအုပ်ပိတ်ပြီးအခန်းထဲဝင်သွား၏။
အခန်းတွင်ကျောင်းသားများအပြည့်ရှိကြသည်။
စန္ဒာလင်းနှင့်အတူထိုင်ဖို့မပြောနှင့်၊သူ့အနီးအနားတွင်ပင်နေရာမရှိ။
နေရာလွတ်ရှိရာအနောက်တန်းတွင်ပင် ဝင်ထိုင်လိုက်၏။
YOU ARE READING
Forget me not
General Fictionမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...