အတိတ်ကိုပြန်အမှတ်မရချင်ပါ။
ယောင်လို့ပင်မတွေးခဲ့..
တမင်မေ့ထားခြင်းပင်။ အခုတော့
အတိတ်တို့အစီအရီပြန်ပေါ်လာ၍
အတွေးထဲမှပျောက်သွားအောင်
ကြိုးစားနေရ၏။အရင်ကအစီအစဥ်တိုင်းကိုယ့်ဘာသာအလုပ်ရှာလိုက်၏။ သို့သော်မရပေ။
ဒီလိုနဲ့၁၀ရက်ကျော်အချိန်ကုန်သွား၏။
ရှိတဲ့ပိုက်ဆံတွေလည်းကုန်တော့မည်။မနက်စောစောထ၍ အလုပ်အင်တာဗျူးဖြေဖို့အပြင်ထွက်မည်ပြုစဥ်စောသေး၍ပြန်ထိုင်နေလိုက်သည်။ပြောစရာရှိသည့်ဟန်ဖြင့်
ကြည့်နေသော နေညီ့ကိုသူမကပဲ
စကားအရင်စလိုက်သည်။"ဘာပြောမလို့လဲ"
နေညီထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး
"ဟို..ဟိုလေ ညီ ကျောင်းခဏနားလိုက်ရင်ကောင်းမလားလို့"
"ဘာ!! ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ...ဒါပေမယ့်..."
သူမကိုအကဲခတ်သလိုကြည့်နေ ပြီး..အသံထွက်မလာသဖြင့်
စိတ်မရှည်တော့ပဲအော်လိုက်၏။" ဟဲ့ မေးနေတာ ဖြေလေ "
" ညီသိတတ်စအရွယ်တည်းက အိမ်စရိတ် ကျောင်းစရိတ်တွေကို မနေ
အလုပ်လုပ်ပြီးပေးလာတာ..အခုမနေ
လည်းအလုပ်ရှိတော့တာမဟုတ်ဘူး..
ညီကြောင့်နဲ့ မနေ ကိုဝန်ထုပ်ဝန်ပိုးဖြစ်မနေ
စေချင်တော့ဘူး.. နောက်အဆင်ပြေမှ
ဆက်တက်လည်းရတာပဲ"" နေညီ !!! "
" ပြီးတော့ ကျောင်းအုပ်ကိုလည်း
ပြောခဲ့ပြီးပြီ၊ဒီလကုန်ကျောင်းထွက်ဖို့.. "" ဘာ!!! နေညီ "
နေညီ့စကားကြောင့်ဒေါသထွက်သွားကာခုံကိုထု၍ပြောလိုက်၏။" နင့်သဘောနဲ့နင်ဘာတွေလျှောက်လုပ်နေတာလဲ ဟမ် "
" မနေ ပင်ပင်ပန်းပန်းရှာထားတဲ့ငွေတွေ
နဲ့ ညီ အေးဆေးကျောင်းတက်နိုင်မယ်လို့
ထင်နေတာလား
အမြဲကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို
ခံစားနေရတာ
တာဝန်တွေအကုန် မနေပခုံးပေါ်မှာ..
မနေ ကညီ့ထက်ငယ်သေးတဲ့အရွယ်မှာတည်းကအလုပ်လုပ်လာတာ.
မနေ လိုချင်တာဖြစ်ချင်တာတွေအကုန်အိမ်မက်အဆင့်ကတက်ခွင့်မရှိတာရော ညီ
မသိဘူးထင်လို့လား"
YOU ARE READING
Forget me not
Narrativa generaleမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...