အခန်း-၇

9 2 0
                                    

ခြံတံခါးဖွင့်နေချိန်တွင်အိမ်တံခါးဖွင့်၍
အိမ်ပေါက်ဝတွင်ရပ်နေသောနေညီ့ကို
တွေ့လိုက်ရသည်။

" ဟင်..ညီ "

လက်မှနာရီကိုကြည့်လိုက်ကာ

" မအိပ်သေးဘူးလား..
၃နာရီတောင်ထိုးတော့မယ် "

အိမ်ထဲသို့ဝင်ရင်းပြောလိုက်သည်။
နေညီတံခါးပိတ်နေချိန် ရေခဲသေတ္တာထဲမှ
ရေယူသောက်နေလိုက်၏။

နေညီသူမအရှေ့တွင်လာရပ်ကာ

" ဟုတ်လား ၃နာရီတောင်ထိုးတော့မှာပေါ့..

အခုအချိန်ထိအပြင်မှာဘာလုပ်နေတာလဲ..

အလုပ်သွားတာမဟုတ်ဘူးလား..

ဖုန်းဆက်လို့လည်းမရဘူး

ဘယ်ကိုလိုက်လို့လိုက်ရမှန်းလည်းမသိဘူး

ဘယ်လိုလုပ်အိပ်ပျော်မှာလဲ..

ခဏနေရင် ရဲစခန်းသွားဖို့တောင်တွေးနေတာ

ဘယ်လောက်စိုးရိမ်နေရလဲ သိလား "

မျက်ရည်များဝဲပြီးအသံတုန်တုန်နှင့်
ပြောနေသောမောင်လေးကိုကြည့်ပြီး
သနားသွားသည်။
သို့သော်

" မင်းကလည်းကွာ
ယောကျ်ားမဟုတ်ဘူးလား ဘာလဲ
တစ်ယောက်တည်းဆိုတော့
သရဲကြောက်လို့ မဟုတ်လား "

ထိုသို့စနောက်ပြီးနေညီ့ပုခုံးကိုဆွဲဖက်လိုက်ကာဆံပင်များဖွလိုက်၏။

" ကြည့်..နောက်မနေနဲ့
တကယ်စိတ်ပူနေတာသိလား "
ပြောရင်း
သူမအနားသို့ကပ်ပြီးနှာခေါင်းတရှုံ့ရှုံ့နှင့်အနံ့ခံနေသောနေညီ  မျက်နှာရှုပ်မဲ့ကာ

" အရက်နံ့ရတယ် "

" ဘီယာပါကွာ "
နေညီ့ကိုတွန်းရင်းပြောလိုက်သည်။

"မနေ သူငယ်ချင်းတွေနဲ့
သောက်နေတာမလား..အနည်းဆုံးတော့
ဖုန်းကိုင်လေ "

" အေးပါ ဖုန်းကအားကုန်သွားလို့
နောက်မဖြစ်စေရဘူး sorry sorry..
အိပ်တော့ နောက်ကျနေပြီ "

လှည့်ထွက်မည်ပြုပြီးမှ

" အော် မနက်လာမနှိုးနဲ့နော် "

ပြောပြီးအခန်းထဲဝင်ခဲ့၏။
အင်္ကျီလဲ၍ခြေလက်ဆေးကာ
အိပ်ရာဝင်ခဲ့၏။

Forget me notWhere stories live. Discover now