မိုးမလင်းခင်အိမ်မှထွက်ခဲ့၏။
နေညီ့ကိုမျက်နှာချင်းဆိုင်ဖို့အတွက်ကတော့ သူသိထားတာတွေနဲ့တင်လုံလောက်နေပါပြီ။ခြေဦးတည့်ရာလျှောက်သွားရင်း
နေပင်ထွက်လာခဲ့သည်။
အခုထိဘာလုပ်ရမယ်မှန်း
အဖြေကထွက်မလာ။
နောက်ဆုံးတော့...
' ရွေးချယ်စရာ ' ...မဟုတ်ဘူး။
ရွေးချယ်တယ်ဆိုတဲ့စကားက၂ခု ၃ခု ၊
အဲ့ဒါကိုဆိုလိုတာ။
အခုက လုပ်ကိုလုပ်ရမည့်အရာ။
ဒီတစ်လမ်းအပြင်မရှိတော့။
သက်ပြင်းချကာ စိတ်ပိုင်းဖြတ်လိုက်ပြီးခြေလှမ်းများကိုဦးတည်ချက်
ပြောင်းလိုက်သည်။
ထိုအချိန်တွင်မျက်နှာချင်းဆိုင်မှအရှိန်ပြင်းစွာမောင်းလာသောကားတစ်စီး နေရာ့ အရှေ့မှာရုတ်တရက် ဘရိတ်အုပ်လိုက်သည်။
လန့်သွား၍နေရာမှမရွေ့မိ။
ကားပေါ်မှလူတစ်ယောက်ဆင်းလာသည်။အသက်၂၀ကျော်ခန့်ရှိမည်ဟုထင်ရ၏။
ထိုလူသည်ရင်းနှီးစွာပြုံးပြရင်းနေရာ့အနားသို့လျှောက်လာ၏။" မင်္ဂလာနံနက်ခင်းပါ "
နေရာမျက်မှောင်ကုတ်လိုက်ကာ
"ဘယ်သူလဲ"
"ကျွန်တော့်ကိုမမှတ်မိဘူးထင်တယ်"
ပြုံးလျက်ကြည့်နေရင်း
"ကျွန်တော့်ကိုကယ်ပေးခဲ့တယ်လေ
အဲ့ညက..ကျေးဇူးကြောင့်အရေးကြီးတာတွေ
ပါမသွားခဲ့ဘူး..""ဪ"
မှတ်မိသွား၍ခေါင်းညိတ်လိုက်၏။
"ကျွန်တော့်နာမည် ထက်ပိုင်ပါ..ခဏလောက်အချိန်ရမလား"
"ဘာကိစ္စရှိလို့လဲ"
"အခုလက်ရှိအလုပ်ရှိပါသလား"
"ဘာဖြစ်လို့လဲ "
သူမကိုညွှန်ပြ၍
"ဒီကနဲ့ အဆင်ပြေတဲ့အလုပ်လေးရှိလို့ပါ"
ဟုပြောကာ ကားတံခါးကိုဆွဲဖွင့်၍
" ကားပေါ်တက်ပါလားခင်ဗျာ..
ပြောရင်းသွားတာပေါ့ "
YOU ARE READING
Forget me not
Aktuelle Literaturမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...