အခန်း-၅

7 1 0
                                    

လဲ့ရီက နေရာ့ကို
ကြည့်ပြီးနားမလည်နိုင်ဖြစ်နေသည်။ ​
နေရာလည်းစိတ်ပျက်လက်ပျက်ဖြင့်ပြန်ထိုင်လိုက်သည်။​
လဲ့ရီကထိုင်ခုံတစ်ခုဆွဲပြီးသူမရှေ့မှာဝင်ထိုင်လိုက်၏။
"ကဲ..မမပြောလို့ရပြီလား"

သက်ပြင်းရှည်တစ်ချက်ချလိုက်ကာ

"ငါအလုပ်ပြုတ်လာခဲ့ပြီသူငယ်ချင်း "

''ဟင်..အဲ့ဒါနဲ့အခုပြေးလာတာနဲ့က...
ဘယ်လို ဖြစ်တာလဲ??''

''အဲ့ဒါကငါဆတ်ဆော့လို့ ..ထားပါ
အခုမနက်အလုပ်​ပြုတ်လာတယ်"

"ဘာလို့လဲ
စိန်စိန်လက်ချက်လား
ဟိုတစ်ခါနင်ပြောတဲ့မိန်းမလေ"

" အေး ဟုတ်မှာပေါ့
မန်နေဂျာကိုဘာတွေပြောထား
လိုက်သလဲမသိဘူး
သူကငါ့ကိုအစတည်းက
ကြည့်မရဖြစ်နေတာလေ..
အခုမနက်သူ့ကိုလည်းမတွေ့ဘူး
ရှောင်နေတာထင်တယ် "

"ဟို မန်နေဂျာကရော နင့်ကိုဘာပြောလဲ"

"အလုပ်နောက်ကျတယ်ဝယ်သူကိုရိုင်းတယ်ဘာညာပေါ့ဟာ ငါကိုယ်တိုင်တောင်မလုပ်ထားတာတွေတောက်လျှောက်ပြောတော့တာပဲ ဖြစ်ချင်တော့ငါလည်းဒီနေ့မှနောက်ကျသွားတယ်..ဟူးးး"

"နောက်ကျမှာပေါ့..
အလုပ်ကိုဘယ်နှစ်ခုလုပ်နေတာတုန်း မိနေရဲ့ နင့်မှာတစ်နေ့အိပ်ချိန်ဘယ်လောက်ရလို့လဲ ကြာရင်နင်ဂေါက်သွားမယ်နော်
ငါအစတည်းကပြောသားပဲ"

"အလုပ် တစ်ခုတည်းကပိုက်ဆံမလောက်လို့ပေါ့"

"နင့်အကြွေးတွေကမကြေသေးဘူးလား"

"အေး အတိုးတွေလည်းတက်နေသေးတော့.."

"အဓိပ္ပါယ်မရှိတာဟာ နင်ယူထားတာလည်းမဟုတ်ဘဲ.. ဆပ်မနေနဲ့"

"ငါတို့အမေဆိုတဲ့လူက ယူထားတာလေ
ပေးနေတာတောင်ဟိုရက်ကအိမ်ကိုပြဿနာလာရှာသေးတယ်..တော်သေးတာပေါ့
ညီကျောင်းသွားနေတဲ့အချိန်ဖြစ်နေလို့''

"နင့်အမေ ဆီကရော အဆက်အသွယ်မရဘူးလား"
နေရာလည်း မျက်နှာမဲ့ကာပြုံးလိုက်ပြီး

"တော်စမ်းပါကွာ..အဆက်အသွယ်မလုပ်တာပဲကျေးဇူးတင်တယ်
ဘာတာဝန်ယူမှုမှမရှိတဲ့အပြင်သူဖြုန်းခဲ့တဲ့ပိုက်ဆံတွေဆပ်လို့မပြီးသေးတာနှစ်ချီနေပြီ"

Forget me notWhere stories live. Discover now