အောက်ကိုရောက်တော့ တန်းစီ၍ရပ်နေကြသောလူတစ်စုကိုတွေ့ရ၏။ထိုအထဲတွင်
ကိုထက်ပိုင်လည်းပါသည်။သူတို့ရဲ့အရှေ့မှာတော့ခေါင်းဆောင်ဟုထင်ရသောလူကစကားပြောနေ၏။
နေရာ လည်းခပ်လှမ်းလှမ်းမှရပ်စောင့်နေလိုက်၏။ခဏအကြာ ထိုလူများအသီးသီးထွက်သွားကြ၏။
ခေါင်းဆောင်ဖြစ်ဟန်တူသူက ကားတစ်စီးဘက်သို့ညွှန်ပြလိုက်ပြီးကားပေါ်သို့တက်ခိုင်း၏။ ကားထဲရောက်တော့ ဖိုင်တွဲပုံစံ စာအုပ်ကမ်းပေးသည်။"အဲ့ဒီဖိုင်ထဲမှာ အလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေအကုန်ပါတယ်"
ပြောရင်းကား စထွက်လိုက်သည်။နေရာပထမဆုံးစာရွက်လှန်လိုက်သည်တွင် ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရသည်။
မထူမပါးသွယ်တန်းလျက်ရှိသောမျက်ခုံးအောက်တွင် မျက်ရစ်မပါသောစူးရှရှမျက်ဝန်းတစ်စုံ၊ နှာတံမပေါ့်တပေါ်နှင့် နှင်းဆီဖူးနှုတ်ခမ်းဖြင့် မိန်းကလေး..
ပုံအောက်တွင်ရေးထားသောနာမည်က
''စန္ဒာလင်း''
အသံထွက်၍ဖတ်လိုက်သည်။
"အဲ့ဒါနေရာ စောင့်ရှောက်ရမယ့်ဦးကျော်ခေါင်ရဲ့သမီးစန္ဒာလင်းပါ"နေရာ ခေါင်းညိတ်လိုက်ကာနောက်တစ်ရွက်လှန်လိုက်သည်။စန္ဒာလင်းအကြောင်းတွေဝေဝေဆာဆာရေးထား၏။
ဘာကြိုက်တယ်မကြိုက်ဘူးကအစပါသည်။ တစ်ရွက်ပြီးတစ်ရွက်ကြည့်နေရင်းမှစာရွက်တွေခပ်မြန်မြန်လှန်လိုက်ပြီး
'နောက်နေ့အထိ တောင်ဖတ်လို့ပြီးမှာ
မဟုတ်ဘူး' ဟုတွေးကာပြန်ပိတ်ထားလိုက်သည်။
YOU ARE READING
Forget me not
Ficción Generalမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...