Bar သို့ရောက်ရောက်ချင်းBeerတစ်ခွက်ယူကာတစ်ရှိန်ထိုးမော့သောက်လိုက်၏။
နောက်တစ်ခွက်ကိုတော့..ခုံလွတ်မှာဝင်ထိုင်ပြီးမီးရောင်စုံအောက်မှာကနေသော
လူများကိုငေးကြည့်ရင်းနည်းနည်းချင်းသောက်နေ၏။လဲ့ရီ
သူမကိုလဲ့ရီ မြင်သွား၍
"ဟေး...နေ အလုပ်မသွားဘူးလား"ဆူညံနေသည့်သီချင်းသံများကြောင့်
အော်ပြောရင်းသူမဆီလျှောက်လာပြီးအနားမှာကပ်ထိုင်လိုက်၏။
သူမလည်းခေါင်းခါလိုက်ပြီး
" အလုပ်ထွက်လာတာ "
လဲ့ရီလည်းအံ့အားသင့်သွားပြီး" ဟောတော့..ဘာလို့လဲ?
ထီပေါက်သွားလို့လား "" နင့်ဂျီးဒေါ်ကြီး
ထီကမထိုးဘဲပေါက်မလား ဟ "" အော် မသိဘူးလေ..ပြောပါဦး
ဘာတွေဖြစ်လာတာလဲ "သက်ပြင်းချလိုက်ကာ
" ဒီလိုပါပဲဟာ
ငါကလူချစ်လူခင်သိပ်ပေါတယ်ထင်တယ်
အားလုံးကငါ့ဆိုကြည့်မရလွန်းနေတာ..
မသိတော့ဘူး "ဂုတ်ထိဝဲကျနေသောဆံပင်တိုကိုဖွရင်းပြောလိုက်၏။
လဲ့ရီက နေရာ့ပခုံးကိုကိုင်လိုက်ပြီး" နင်ကအရမ်းကိုမိမိုက်လွန်းနေတော့
မနာလိုဖြစ်နေတာနေမှာပါကွာ..
အဲ့လောက်လည်းစိတ်ညစ်မနေပါနဲ့
ငါတစ်ယောက်လုံးရှိနေတာပဲ
ဒီညစိတ်ရှိလက်ရှိသာကဲလိုက်..
အလုပ်အတွက်စိတ်မပူနဲ့ ငါ့မှာရှိတယ် "အူမြူးနေသောလဲ့ရီကိုကြည့်ပြီး
" ဟမ် နင်ကကုမ္ပဏီထောင်တော့မလို့လား.."
" ဟယ် မဟုတ်တာ ပေါက်ကရ..
နင်သာလုပ်မလား မလုပ်ဘူးလား
ဆုံးဖြတ်ရုံပဲ..
မနက်ကျရင်အားလုံးပြောပြမယ်..
ဟဲ့ ဟိုမှာရန်ကြီးတို့အုပ်စု
မိုးနွယ်လည်းပါလာတယ်.. ကဲပါ..
ပျော်ပျော်နေစမ်းပါ..ဘာလဲ
ငါ့ကိုမယုံဘူးလား "
YOU ARE READING
Forget me not
General Fictionမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...