မျက်လုံးဖွင့်လိုက်သည်။
မည်မျှအိပ်ပျော်သွားသည်မသိ။
နာရီကိုကြည့်လိုက်တော့နေ့ခင်း၂နာရီ။
အိပ်ရာမှထထိုင်ကာရေသွားချိုးလိုက်၏။
ရေချိုးခန်းထဲမှထွက်ပြီးကျောလယ်လောက်ရှိသောဆံပင်ကိုသဘက်နှင့်သုတ်နေရင်းကုတင်ဘေးရှိစားပွဲပေါ်မှဓာတ်ပုံလေးတစ်ခုဆီအကြည့်ရောက်သွား၏။
လသားအရွယ်သူမကိုပြုံးနေသည့်ဟန်ဖြင့်ချီထားသောသူမအမေဓာတ်ပုံ။
ဓာတ်ပုံလေးကိုကောက်ကိုင်ကာ
"လွမ်းတယ် မေမေ.."
ဟုတီးတိုးရေရွတ်မိ၏။
ထိုစဥ်တံခါးခေါက်သံကြားလိုက်ရ၏။
"အလင်း..နိုးပြီလား"
တံခါးဖွင့်လိုက်သည်။
ဒေါ်မိလေး သည်အခန်းရှေ့မှာရပ်နေ၏။
"ထမင်းစားတော့မလား အလင်း""မစားချင်ဘူး"
"ဒါဆို ဘာစားချင်လဲဒေါ်ကြီး
ဘာလုပ်ပေးရမလဲ""ဘာမှမလုပ်နဲ့တော့ဒေါ်ကြီး
အခုအပြင်သွားမလို့
အပြင်မှာဘဲစားလိုက်မယ်"ပြောပြီးတံခါးပြန်ပိတ်ထားလိုက်သည်။
ထို့နောက်သူမပြင်ဆင်၍အပြင်သို့ထွက်သွား၏။ဦးကျော်ခေါင်
ဦးကျော်ခေါင်သည်အရေးကြီးသောအလုပ်များလက်စသတ်၍
ကျန်သည့်အလုပ်များကိုမန်နေဂျာ
နှင့်လွှဲထားလိုက်ပြီးအိမ်သို့စောစောပြန်လာခဲ့၏။
မနက်ကသမီးနှင့်သေချာစကားမပြောလိုက်ရ။
သမီးပုံစံကိုလည်းအားမရချေ။ ရုတ်တရက်ဖြစ်သွားခဲ့သည့်ကိစ္စကြောင့်သူမရှော့ခ်ရသွားမည်မှာသေချာသည်။
အမေဖြစ်သူကလည်းသူမအရှေ့မှာတင်ဆုံးပါးသွားခဲ့သည်
မဟုတ်လား။
ဘာပဲဖြစ်ဖြစ်သမီးကိုအတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားဖို့ကြိုးစားရမည်။
သမီးအကြောင်းတွေးရင်းကားကအိမ်ရှေ့ရောက်လာခဲ့သည်။
ခြံထဲမှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသောဒေါ်မိလေးကိုတွေ့လိုက်ရသည်။
ဒေါ်မိလေးမှာဦးကျော်ခေါင်ကိုတွေ့သည်နှင့်မျက်နှာပျက်သွား၏။
YOU ARE READING
Forget me not
Ficción Generalမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...