အခန်း-၄

5 1 0
                                    

တီတီ တီတီ...
အဆက်မပြတ်ပေါ်ထွက်လာသော နှိုးစက်အသံကြောင့်အိပ်ပျော်နေသော
နေရာ တစ်ယောက်လန့်နိုးသွား၏။
မျက်လုံးမဖွင့်ဘဲနာရီနှိုးစက်ရှိရာသို့
လက်ဖြင့်လျှောက်စမ်းကာပိတ်လိုက်ပြီးပြန်​မှေး နေလိုက်၏။
ခဏအကြာတွင် တံခါးခေါက်သံကြားရသည်။
မျက်နှာမဲ့လိုက်ကာ
''ဘာလဲကွာ ''
ဟုအော်ပြောလိုက်၏။

''မမနေ ခုထိမထသေးဘူးလား..အလုပ်သွားရဦးမှာမလားနောက်ကျနေဦးမယ်
ညီအခုကျောင်းသွားတော့မလို့
ထတော့နော်''

''ဟေ..''

ထိုအခါမှ မျက်လုံးဖွင့်၍နာရီကြည့်မိ၏။ဟောတော့ အပျင်းကြီးပြီး၅မိနစ်လောက်ပြန်မှေးနေတာ မိနစ်၂၀ပင်ကျော်သွား၏။

''အေးအေး ထပြီ''

အိပ်ရာပင်မသိမ်းနိုင်ဘဲဒရောသောပါးရေချိုးခန်းထဲပြေးဝင်၏။
ပြန်ထွက်လာပြီး လုပ်စရာရှိသည်များကို အသည်းအသန်လုပ်လိုက်၏။
ဂျက်ကတ်အင်္ကျီထဲသို့လက်တစ်ဖက်လျှိုသွင်းရင်းအခန်းတံခါးဖွင့်ပြီး
အိမ်ရှေ့သို့ပြေးလာ၏။
ညီ တော့ကျောင်းသွားပြီ။
အိမ်တံခါးသော့ခတ်ကာလမ်းမပေါ်သို့ထွက်လာခဲ့၏။
လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့
မုန့်ဟင်းခါးအနံ့ရလိုက်သည်တွင်
ဗိုက်ကတဂွီဂွီအချက်ပြနေပြီ ဖြစ်သည်။

'အင်း ဘာမှမစားရသေးဘူး ဒီမှာစားနေရင်လည်းမီမှာမဟုတ်ဘူး'
ဟုတွေးလိုက်ကာ စတိုးဆိုင်ထဲသို့ဝင်၍ ပေါင်မုန့်နှင့်ရေတစ်ဘူးဝယ်လိုက်ပြီးBus Stopမှာစောင့်ရင်း စားနေလိုက်၏။
စောင့်နေသည်မှာ၁၀မိနစ်ပင်ပြည့်တော့မည်။

ဟူး...ခုနက မုန့်ဟင်းခါးစားလိုက်ရင် ကောင်းသား။
မထူးတော့ စောင့်လိုက်စနှင့် စောင့်နေရုံသာ။

.......လွယ်အိတ်ထဲမှတစ်စုံတစ်ခုကိုထုတ်နေသည့်အချိန်Busရောက်လာ၍ပြန်ထည့်ထားလိုက်၏။
ကားပေါ်သို့တက်လိုက်ပြီးလွတ်နေသောအနောက်ဘက်ရှိခုံမှာထိုင်လိုက်ကာနား​ကြပ် တပ်​ပြီး သီချင်းနားထောင်နေလိုက်၏။
ကားပေါ်မှဆင်းပြီးလက်မှနာရီကိုကြည့်ကာအပြေးသွားနေ၏။
ထိုစဥ်လမ်း၏ထောင့်ချိုးမှဝင်လာသောကောင်လေးတစ်ယောက်နှင့်တိုက်မိသွား၏။

Forget me notWhere stories live. Discover now