အပိုင်း ၁
တင်းကျိမျက်ခုံးပင့်လိုက်ကာ "တစ်ပတ်အတွင်း ကျွန်တော့်မှာ မက်မွန်ပန်းရှိလိမ့်မယ်"
ယနေ့ရာသီဥတုကောင်းရုံသာမက တိမ်ကင်းစင်သည်။
တကယ်ရာသီဥတုကောင်းတာပဲ
ခေါင်မိုးရှိ လက်ရန်းကိုမှီလျက် မှတ်စုစာအုပ် အသေးထဲတွင် ဟိုခြစ်ဒီခြစ်ရေးနေသည်။
ပတ်ပတ်လည်တွင် ဆူညံနေလျက် ခေါင်မိုးရှိ လှေကားဝတွင် ကျောင်းသားများနှင့် ဆရာများစွာရပ်နေကြသည်။ခေါင်မိုးရှ်ိ အော်နေသည့်မိန်းကလေးကို ကင်မရာရိုက်နေကာ ခေါင်မိုးအောက်တွင်လည်း ရေမစီးနိုင်အောင်ကြပ်နေလျက်အားလုံးခေါင်းအတူမော့ထားကြသည်။
ဒါကတော့ ဒီနှစ်ရဲ့ ကျောင်းသားသမဂ္ဂစုဝေးပွဲဖြစ်ကာ ကျောင်းသားများ၏ ကြိုဆိုခြင်းကိုအခံရဆုံးပွဲဖြစ်သည်။
"ငါတို့ကန်တင်းက ဟင်းတွေက အရမ်းစားကောင်းတာပဲ! တစ်မြို့လုံးမှာ အကောင်းဆုံးပဲ!" ကျောင်းသူတစ်ယောက်ကအော်ပြောလိုက်တယ်
ခေါင်မိုးအောက်တွင် လက်ခုပ်သံများထွက်လာသောအခါ လင်ဝူယွီလည်း ငုံ့ကြည့်ကာ ပြုံးလိုက်သည်။
"မှတ်တမ်းတင်ဥိီးမှာလား?" ဖြန့်ချီရေးဌာန၏ လက်ထောက်လျှောက်လာပြီးသူ့ကိုတွေ့တော့ ကြောင်အသွားသည် "ကျောင်းသားအဖွဲ့က မှတ်တမ်းတင်ထားဖို့တောင်းဆိုထားတယ်မလား ဘာလို့......ဒါဆိုငါပဲမှတ်တမ်းယူရမလား?"
"အင်?" လင်ဝူယွီ သူ့ကိုကြည့်လိုက်ကာ "အော့ မင်းလုပ်ပေးလေ ငါတို့ကျောင်းက ဒီအစီအစဉ်ကို ပထမဆုံးလုပ်တာဆိုတော့ အတော်လေး အဓိပ္ပာယ်ရှိပါတယ်"
လက်ထောက်၏အလုပ်သစ်ဖြစ်ပေမဲ့ အလေးအနက်လုပ်နေသည်။သူပြောလိုက်တော့ ခေါင်းငြိမ့်ကာ ယူလာသည့် မှတ်စုစာအုပ်လေးကို ထုတ်လိုက်သည်။
စာရွက်ဖြူတစ်ရွက်လှန်ပြီးနောက် ခဏတန့်သွားကာ လင်ဝူယွီနားကပ်လာသည် "မင်းဟာက......"
"ငါ့ဟာကိုမကြည့်နဲ့" အင်္ကျီအိတ်ကပ်ထဲရှိ မျက်မှန်ကို လင်ဝူယွီထုတ်ကာ "ရှူထောင့်များများကနေ မှတ်တမ်းတင်မှ ပြည့်စုံမှာပေါ့"