အပိုင်း ၄
ဒီစကားကိုပြောတာ တည်ငြိမ်လွန်းနေတယ် တင်းကျိမထိန်းနိုင်ပဲ မျက်မှောင်ကျုံ့လိုက်ကာ : "မင်းရူးနေတာလား?"
အဲ့ဒီနေ့ကတင်းကျိမိတ်ဆက်ခဲ့ပေမဲ့ ဒီလူကတော့ မိတ်ဆက်တာကိုပြန်မိတ်ဆက်ရမှန်းမသိ ဒါပေမဲ့ သူလည်းမေးဖို့ပျင်းနေတယ် အိတ်ကပ်ထဲက ခေါင်းကိုက်ပျောက်ဆေးကိုပါးစပ်ထဲထည့်လိုက်ပြီး သူ့ရဲ့ဖန်ပုလင်းနဲ့ရေမော့သောက်နေတဲ့အမည်မဲ့ကိုကြည့်နေလိုက်သည်။
"မင်းအရသာမခံလိုက်ဘူးလား" အမည်မဲ့ပြန်ပေးလာသည့်ရေဗူးကိုပြန်ယူလိုက်သည်။
"ဒါက ဗူးတစ်ဗူးပဲမဟုတ်လား?" အမည်မဲ့က ပါးစပ်သုတ်နေသည်။
"မဟုတ်ဘူး" တင်းကျိလည်း အဖုံးဖွင့်လိုက်ပြီးဗူးဝတစ်လျှောက်ကို အဝတ်စနဲ့ယူသုတ်လိုက်သည် "ဒါက ရှေးခတ် Nestlé coffee mate ပုလင်းနော် ငါ့ထက်တောင်အသက်ကြီးတယ်"
အမည်မဲ့ကဘာမှမပြော
သူမော့ကြည့်လိုက်တော့ အမည်မဲ့ရဲ့အမူအရာက ကြည့်ရဆိုးနေသည်။
"ဘာဖြစ်လို့လဲ"
"ဒီလောက်အရသာခံနေတာကို ဘာလို့မင်းရေကိုသူများကိုသောက်ခိုင်းတာလဲ သုတ်မယ်ဆိုရင်လည်း တခြားနေရာမှာသွားသုတ်ပါလား?"
"မင်းတကယ်သောက်မယ်ဆိုတာလည်း ငါမသိဘူးလေ"
အမည်မဲ့က သူ့ဘယ်လက်ကိုဆန့်ထုတ်လာသည်။
"မကြည့်ဘူး" သူ့လက်ကိုတင်းကျိရိုက်လိုက်ပေမဲ့ သူ့လက်ပေါ်ကိုတော့တစ်ချက်ကြည့်လိုက်သည်။
"ပုလင်း" အမည်မဲ့ကပြောတယ်
တင်းကျိကြောင်သွားကာ အဖုံးပိတ်ပြီးနောက် သူ့ကိုပြန်ပေးလိုက်သည်။
အမည်မဲ့က အဖုံးဖွင့်လိုက်ပြီးတဂွတ်ဂွတ်ဖြင့်နှစ်လုတ်မော့သောက်လိုက်ပြန်သည်။ထို့နောက်သူ့ဘေးကလှေကားပေါ်ချကာ : "ငါအသဲကွဲနေတယ်ဆိုတာကို မင်းဘယ်လိုမြင်နိုင်တာလဲ အဲ့ဒါပြောပြလို့ရလား?"
"ဘယ်လို မင်းမမှန်းနိုင်ဘူးလား?" ပုလင်းကိုတင်းကျိမျက်စောင်းထိုးလိုက်သည်။