အပိုင်း ၆
လက်ရဲ့ကျန်းမာရေးအရောင်က အရောင်ကွဲတယ် လက်ဖဝါးအလယ်က ပိုဖျော့တယ် လက်မြစ်ကပိုရင့်တယ်
တင်းကျိဘာမှမပြောပေမဲ့စိတ်ထဲမှာတော့တစ်ချက်ခုန်သွားသည်။
ပုံမှန်ဆိုရင် သူစိမ်းတစ်ယောက်ကိုသူထိုးဖောက်ကြည့်လိုက်တာနဲ့ တခြားလူက "စိတ်ထဲတစ်ချက်ခုန်သွား" တာ ဒီနေ့ကျတော့ရုတ်တရက်ကြီး သူစိမ်းတစ်ယောက်ထိုးဖောက်ကြည့်လာလို့.......ပြောရရင်လင်ဝူယွီက သူစိမ်းတစ်ယောက်ပဲမလား
ဟုတ်တယ်
ဒါပေမဲ့မင်းဘယ်လိုသိသွားတာလဲ?
.........ငါ့ကိုဒီလိုမျက်နှာပျက်အောင်လုပ်တယ်!
"ရှန်ထုံဆိုတဲ့စာလုံးနှစ်လုံးပေါ်မှာ လက်နဲ့ပွတ်ထားတာကိုငါတွေ့ခဲ့တယ်"လင်ဝူယွီကပြောတယ်
"မဟုတ်ဘူး ငယ်ငယ်တုန်းက အရေးမပါတာကို ယုံကြည်ချက်လွန်နေခဲ့တာ" တင်းကျိဝန်မခံ
"အော်" လင်ဝူယွီရယ်လိုက်ပြီးထပ်မမေးတော့ပဲရှေ့ဆက်သွားလိုက်သည်။
သူ့ပါးစပ်ထောင့်ကအပြုံးကိုတင်းကျိဘက်မှမြင်နေရသည်။ဒီလိုငြင်းပယ်မှုကို လင်ဝူယွီလုံးဝမယုံဘူးပေါ့ အဲ့အပြင် သူ့ရဲ့ငြင်းဆန်မှုကြောင့် လင်ဝူယွီကအဖြေကိုအတည်ပြုလိုက်တယ်
"အဲ့ဒီစာအုပ်က ဆယ်နှစ်လောက်ရှိပြီမလား?"
"အင်း မိသားစုအမွေလို့လည်းပြောလို့ရတယ်"
"ဘာလို့ပျောက်သွားမှာကိုဒီလောက်ကြောက်နေတာလဲ? ဒီစာအုပ်ပေါ်က အကြောင်းအရာတွေကိုအစောကတည်းက သိပြီးပြီမဟုတ်လား......"
"ငါမမှတ်မိဘူး နေ့တိုင်းကြည့်မှရမယ်"
"မဖြစ်နိုင်ဘူး" လင်ဝူယွီပြုံးလိုက်သည် "ငါဆိုနှစ်ရက်ထဲနဲ့ မှတ်မိနေပြီ"
"ကိုယ့်ကိုယ်ကို မြှောက်မနေနဲ့ မင်းကိုလျှို့ဝှက်ချက်တစ်ခုပေးမယ်"
"လက်ရဲ့ကျန်းမာရေးအရောင်က အရောင်ကွဲတယ် လက်ဖဝါးအလယ်က ပိုဖျော့တယ် လက်မြစ်ကပိုရင့်တယ်" ပြောပြီးတာနဲ့လင်ဝူယွီသူ့ကိုလှည့်ကြည့်လိုက်သည် "တုံ့ဆိုင်းနေသူက လက်သီးဆုပ်ဖို့ခက်တယ် လက်သီးဆုပ်ချိန်မှာလည်း လက်မကိုလက်ဖဝါးထဲထည့်ဆုပ်တတ်တယ်"