အပိုင်း ၁၅
"ငါ့အကြောင်းစုံစမ်းခိုင်းနေတာလား? ရွှယ်ရှန်"
ကိစ္စကြီးတစ်ခုလုပ်မယ်လို့ တင်းကျိ ကြေငြာပြီးနောက်ပိုင်း moment ထပ်မတင်တော့ဘူး
နေ့တိုင်း moment မှာဆယ်ခုကျော်လောက်တင်နေတဲ့ လေအိုးက အခုပါးစပ်ပိတ်နေတယ်
လင်ဝူယွီခွဲခြမ်းစိတ်ဖြာကြည့်တော့ ဒီကိစ္စကြီးဆိုတာ ဖရဲသီးရောင်းတာမဟုတ်တာတော့သေချာတယ်
ဒါကိုတွေးပြီးတာနဲ့ လင်ဝူယွီကိုယ့်ကိုယ်အရမ်းလေးစားသွားတာကြောင့် မထိန်းနိုင်ပဲရယ်မိတယ်
"မင်းဘာမှမဖြစ်ပါဘူးနော်?" ချန်မန်ကသူ့ကိုကြည့်သည်။
"မဖြစ်ပါဘူး" လင်ဝူယွီလည်ချောင်းရှင်းလိုက်သည်။
ဆရာခုံပေါ်က လောင်လင်ကဒီဘက်ကိုတစ်ချက်ကြည့်ပြီး ဆက်ပြောသည် : "ဒုတိယစာမေးပွဲမှာမင်းတို့ဖြတ်ကျော်လာပြီးပြီ တတိယစာမေးပွဲကလည်းဘာမှမဟုတ်သေးဘူး လုပ်နေကြအတိုင်းလုပ်သွားရင်ရပြီ......."
"ဇီယာမှုန့်ထပ်ဖြူး ငရုတ်သီးမှုန့်ရော......." လင်ဝူယွီအသံတိုးတိုးနဲ့ပြောလိုက်တယ်
"မင်းဒီတစ်လောစိတ်အခြေအနေအတော်ကောင်းနေသလိုပဲ" ချန်မန်ကသူ့ကိုကြည့်နေသည်။
"ငါ့စိတ်က ပုံမှန်ဆိုလည်းမဆိုးပါဘူး" လင်ဝူယွီရယ်လိုက်သည်။
"မတူဘူးကွာ" ချန်မန်ကသူ့ကိုခဏကြည့်ပြီး သက်ပြင်းချသည် "ငါတကယ်မင်းကိုအားကျတယ် ဦးနှောက်ကောင်းတဲ့လူကခံစားချက်နဲ့အနေအထားကို ပုံမှန်လူတွေထက်ချိန်ညှိနိုင်သေးတာများလား?"
"မသိဘူး ငါလေ့ကျင့်တဲ့ပုံစံကိုလည်း........" လင်ဝူယွီသူ့ပခုံးကိုပုတ်လိုက်တယ် "ဘယ်သူမှစမ်းချင်မှာမဟုတ်ဘူး"
တတိယအကြိမ်မြောက်စာမေးပွဲပြီးရင် စာမေးပွဲကြီးကြီးမားမားမရှိတော့ဘူး ဒါကကိုယ်စာလုပ်တဲ့ရလဒ်အပေါ်နောက်ဆုံးသောစစ်ဆေးခြင်းပဲ ခက်ခဲမှုအမြင့်ဆုံးမဟုတ်ပေမဲ့ သာမန်လည်းမဟုတ်ပြန်ဘူး
ကျောင်းကတော့ အရေးကြီးတယ်မြင်တယ် စန်းကျုံးရဲ့ပထမဆုံးအထက်တန်းစာမေးပွဲကတည်းက စကြတာ အထူးသဖြင့် ဝင်ခွင့်စာမေးပွဲအချိန်မှာ ပြိုင်ကြတာအပြင်းထန်ဆုံးပဲ