အပိုင်း ၁၃
ဘယ်လိုပဲကြည့်ကြည့်အထီးကျန်နေတယ် ဆင်းလည်းဆင်းရဲနေသေးတယ်
သုံးတန်းနောက်ပိုင်းမှာ သူ့ခေါင်းကိုလာပုတ်တဲ့လူမရှိတော့ဘူး ရယ်ရဲနိုင်နိုင်းတို့လည်းသူ့ခေါင်းကိုမပွတ်တော့ဘူး
ဘာလို့လဲဆိုတော့ ရယ်ရဲနိုင်နိုင်းတို့ကို ပြင်းပြင်းထန်ထန် သတိပေးထားတယ် အခုယောကျာ်းလေးတစ်ယောက်ဖြစ်နေပြီ ယောကျာ်းလေးရဲ့ခေါင်းက သဘောရှိသလိုထိလို့မရဘူး!
ထိတဲ့ဘယ်သူမဆို စိတ်အနှောင့်အယှက်ဖြစ်ရတယ်!
ဒါပေမဲ့လင်ဝူယွီကရုတ်တရက်လာထိတယ် ပွတ်သပ်ရုံတင်မက နှစ်ချက်ပါပုတ်လိုက်သေးတယ်
ဒီအပြုအမူက လင်ဝူယွီအတွက်တော့ အရမ်းသဘာဝကျတယ် သူဖော်ပြချင်တဲ့အဓိပ္ပာယ်ကို ခံစားမိတယ်——မင်းတွက်လို့မရတာကို ငါသိပါတယ် မင်းငါ့ကိုခန့်မှန်းပေးတာ မင်းငါ့ကိုနှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်
တင်းကျိကတော့ အကျင့်အရ ဆန္ဒပြရမယ်
"ပါပါးလို့အခေါ်ခံရနဲ့တင် သက်ကြီးဖြစ်သွားပြီလို့ မင်းမထင်နဲ့" သူလှည့်လိုက်ပြီး လင်ဝူယွီရဲ့လက်ကိုကြည့်လိုက်သည် "အတော်ကြင်နာတတ်နေတာ......."
"ခေါင်းကိုထိလို့မရဘူးမလား" လင်ဝူယွီလက်ပြန်သိမ်းကာ ရယ်လိုက်သည်။
"သေချာပေါက်ပေါ့"
"ဒီလိုပြောမယ်ဆိုရင် ဟိုနေ့က ငါ့ခေါင်းပေါ်ကျောက်ခဲနဲ့မင်းပစ်တာကျရော ငါမင်းနဲ့မရှင်းရသေးဘူး" မွှေထားတဲ့ရေခဲမုန့်တစ်ဇွန်းကို ခပ်စားလိုက်သည်။
"အဲ့ဒါက ကျောက်စရစ်ခဲလေးတွေ! အပိုင်းအစလေးတွေ! မင်းခေါင်းပေါ်ကျောက်တုံးပစ်ခဲ့ရင် မင်းအရူးတစ်ယောက်ဖြစ်နေပြီ ဟုတ်ပြီလား!"
လင်ဝူယွီရယ်ချလိုက်သည်။သူ့လက်ထဲက ရေခဲမုန့်ကိုမြင်တော့တန့်သွားကာ : "ရေခဲမုန့်စားတာတောင် ငါ့ကိုအတုခိုးနေတာလား?"
"ဘာတုန်း?" တင်းကျိငုံ့ကြည့်လိုက်သည် "ဘယ်သူကမင်းကိုအတုခိုးနေတာလဲ ငါ့နိုင်နိုင်းပြောတာတော့ ငါစားရင်အရမ်းရွံစရာကောင်းတယ်တဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ တခြားလူကပါမစားချင်တော့ဘူးတဲ့........"