အပိုင်း ၇
"လူဆိုတာ တင်းတိမ်ရောင့်ရဲရမယ်" တည်ငြိမ်စွာဖြင့် တင်းကျိပြန်ဖြေလိုက်သည်
လင်ဝူယွီ၏ မျက်နှာချင်းဆိုင်တွင် တင်းကျိထိုင်လိုက်သည်။
ဒီဆိုင်က မြီးရှည်က အတော်လေးနာမည်ကြီးတယ် လင်ဝူယွီတစ်ချက်ပြောလိုက်တာနဲ့ ဒီဆိုင်ကို သူမှန်းမိလိုက်တယ်
အခုက နေ့လည်စာစားချိန်ဖြစ်ပြီး တစ်ညလုံး စာကိုရက်ဆက်ကြိုစားလုပ်နေတဲ့လူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ထမင်းစားတယ်ဆိုတာက အရမ်းအရေးကြီးတဲ့ကိစ္စပဲ
ဘေးက တူဗူးထဲကနေ တူတစ်စုံယူလိုက်ပြီးတစ်လုတ်ငုံ့စားလိုက်သည် : "မင်းငါလာမှာကိုသိနေတာလား? ငါမလာရင် ဒီတစ်ပန်းကန်က အလကားဖြစ်သွားမှာပေါ့"
"အလကားမဖြစ်ပါဘူး"
"အင်?" တင်းကျိသူ့ကိုမော့ကြည့်လိုက်သည်။
"အမှန်အတိုင်းပြောရရင်" လင်ဝူယွီလည်ချောင်းရှင်းလိုက်သည် "ဒီနှစ်ပန်းကန်လုံးက ငါ့ဟာ"
တင်းကျိတန့်သွားသည် : "ဘာ......"
"ပြီးတော့အဲ့ဒီပန်းကန်က........" သူစားနေတဲ့မြီးရှည်ပန်းကန်ကို လင်ဝူယွီက ညွှန်ပြသည် "အားနာပေမဲ့ ငါအခုတင်နှစ်လုတ်စားထားတာ"
"မဟုတ်သေးပါဘူး" တင်းကျိအမြန်ခါးဆန့်လိုက်ကာ တူကိုပါ စားပွဲပေါ်ပစ်တင်လိုက်သည် "မင်းငါနဲ့အငြှိုးရှိနေရင်လည်း ထုတ်ပြောလိုက်ပါလား"
"မင်းဒီပန်းကန်စားလို့ရတယ်" လင်ဝူယွီက တခြားထပ်မပြောပဲ တခြားတစ်ပန်းကန်ကိုသူ့ရှေ့တွန်းပေးကာ အရင်ပန်းကန်ကိုတော့ ယူသွားသည်။
".......မင်းနှစ်ပန်းကန်စားမှာတော့ မဟုတ်ဘူးမလား?" တင်းကျိက မျက်နှာသာမပေးပဲ မျက်စိရှေ့က မြီးရှည်ပန်းကန်ကိုတစ်ချက်ကြည့်ကာ "နှစ်ပန်းကန်လုံးက မင်းဟာလို့ပြောလိုက်တာလား?"
"မင်းစားမှာလား မစားဘူးလား?" လင်ဝူယွီကမေးလာတယ် နောက်တော့သူ့အတွက်တူတစ်စုံထပ်ထုတ်ပေးပြီး အစွန်းမှာတင်လိုက်တယ်
"မစားဘူး ဒီပန်းကန်ကို မင်းလျက်ဖူးလား မလျက်ဖူးလား ဆိုတာဘယ်သူသိမှာလဲ တစ်လုတ်စားပြီးမှ မင်းဒီလိုထပ်ပြောရင်ရော အာ ဒီပန်းကန်ကမှ ငါစားထားတာလို့လေ"