အပိုင်း ၁၁
"ဖရဲသီးဝယ်ဦးမလား?" လက်ထဲက ဖရဲသီးခွံကိုချကာ ခေါင်းမော့၍ တင်းကျိမေးလိုက်သည်။
အရင်ကတော့ လမ်းပေါ်မှာ ဒီလိုမြင်ကွင်းမျိုးလင်ဝူယွီခဏခဏမြင်ဖူးတယ်--လျှပ်စစ်စက်ဘီးတစ်စီးဒါမှမဟုတ် သုံးလေးစီး အလုပ်မရှိတဲ့လူငယ်တွေပေါ့ ထိုင်နေလိမ့်မယ် စက်ဘီးနင်းနေလိမ့်မယ် ဒါမှမဟုတ် ဆေးလိပ်ငုံထားလိမ့်မယ် မဟုတ်ရင်လည်း ဘီယာဗူးကိုင်ထားလိမ့်မယ်
သူတစ်လျှောက်လုံးနားမလည်ခဲ့ဘူး ဒီလိုအချိန်ဖြုန်းနေပြီးပျင်းစရာကောင်းအောင်စုနေကြတာ တကယ်ပဲဘာလုပ်နေကြတာလဲပေါ့
အခုသူတစ်စိတ်တစ်ပိုင်းတော့ နားလည်သွားပြီ
သူနဲ့တင်းကျိ လူနဲ့ကားအရေအတွက်နည်းနေတာက လွဲလို့
သူက လျှပ်စစ်စက်ဘီးပေါ်ထိုင်နေပြီး တင်းကျိကတော့ လူသွားလမ်းဘေးကပ်ပြီးနင်းနေတယ်
အိမ်လည်းပြန်လို့မရဘူး အဆောင်လည်း မပြန်ချင်ဘူး
စကားပြောပြီးနောက်မှာ နေရမခက်တော့ပေမဲ့ အရမ်းရှည်လျားတဲ့တိတ်ဆိတ်မှုအလယ်မှာရှိနေတုန်းပဲ
"မင်းရပ်လို့ရလား?"
"ဘာလို့လဲ?"
"မသိဘူး ဒီတိုင်း ငါတို့နှစ်ယောက်ရဲ့ပုံစံက တစ်ယောက်ယောက်ခေါ်လို့ အုပ်စုလိုက်ရန်ဖြစ်ဖို့ ချက်ချင်းအပြေးသွားနေကြသလိုပဲ"
"အဲ့ဒါတော့ မဖြစ်နိုင်ဘူး မင်းတစ်ချက်ပဲကြည့်တာတော့ မဟုတ်သေးပါဘူး ငါမြင်တာတော့ နည်းနည်းတူပေမဲ့ ငါဘယ်တုန်းကမှ ဆယ်ယောက်ထပ်နည်းတဲ့ အဖွဲ့လိုက်ရန်ပွဲကိုမပါဖူးဘူး"
".......ဘာလို့လဲ?"
"မလိုတာပြောနေကြလို့လေ" စိတ်မရှည်ပုံနဲ့ တင်းကျိကကျစ်တစ်ချက်သပ်သည် "မင်းရန်မဖြစ်ဖူးဘူးလား? လူနည်းရင် နောက်ဆုံးမှာကြီးသွားလိမ့်မယ် လူများမှလုံခြုံမှာလေ လူများရင် ငါဘေးမှာနေပြီးဖုန်းဆော့နေလို့ရတယ်"
လင်ဝူယွီရယ်ချလိုက်သည်။
ဘောင်းဘီအိတ်ကပ်ထဲက တင်းကျိဖုန်းလည်း သီချင်းစဆိုသည်။