4 0 0
                                    

အပိုင်း ၃

စက္ကန့်အနည်းငယ်စဉ်းစားပြီနောက် လင်ဝူယွီလည်ချောင်းရှင်းလိုက်ကာ : "ကျီးကော........လား?"

မင်းဘယ်လိုလိမ်မလဲဆိုတာကြည့်နေတာ

လင်ဝူယွီဘာမှမပြောတော့ပဲ ပြုံးပြလိုက်ကာ လူလိမ်ကိုနှစ်ခါပြန်ကြည့်ပြီးမှပြန်လှည့်လိုက်သည်။

"ဆက်ပါအုံး" အရူးကဆက်ပြောတယ်

လူလိမ်ဆီကအသံထွက်မလာ နောက်ကျောက အကြည့်ကိုလင်ဝူယွီခံစားမိနေတယ်

‌ဒုက္ခခံရမဲ့လူကလွဲလို့ တခြားလူရှိဖို့လူလိမ်က မမျှော်လင့်ဘူးလေ ဒါပေမဲ့သူ့လည်းထွက်သွားဖို့မရှိဘူး ဆက်ပြောမှာကိုသူအတော်လေးနားထောင်ချင်သေးတယ်

"ဆက်ပြောလေကွာ" အရူးကထပြောပြီးတော့ ‌အသံတိုးတိုးနဲ့နောက်တစ်ကြောင်းထပ်ဖြည့်လာတယ် "အဲ့ဒီလူကိုဂရုစိုက်ပြီးဘာလုပ်နေတာလဲ? နားထောင်ချင်လည်းသူ့ကိုနားထောင်ခိုင်းလိုက်ပါ........စိတ်ချ မင်းပြောတာမတိကျရင်ငါလည်းထုတ်မပြောဘူး"

"မရဘူး!" လူလိမ်ကအသံကိုမြှင့်လိုက်တယ် "ထုတ်ပြောရင်အကောင်းဆုံးပဲ"

ခေါင်းငုံ့ကာ လင်ဝူယွီနှစ်ချက်ရယ်လိုက်သည်။

"မနှစ်က အချစ်ဦးတွေ့ခဲ့တယ် ဟုတ်တယ်မလား" လူလိမ်ကမေးတယ်

".......ဟုတ်တယ်" အရူးရဲ့အသံထဲမှာအံ့အားသင့်မှုတွေပြည့်နေတယ်

"မင်းကချစ်ဖူးသေးတယ်?" လူလိမ်ရဲ့လက်ထောက်ကလည်းအရမ်းအံ့ဩသွားသည် "မျက်စိမပွင့်သေးတဲ့မိန်းကလေးရှိသေးတာလား?"

"မင်းဘာအဓိပ္ပာယ်လဲဟ"အရူးကမကျေနပ် "တစ်ယောက်ယောက်က သဘောကျပေးမှာကိုဘာလို့မရှိရမှာလဲ?မင်းရဲ့ရုပ်ရည်အကဲဖြတ်မှုကသိပ်မကောင်းဘူးမဟုတ်လား? ထပ်ပြောရရင် ကျီးကောလို ဒီလောက်ချောတဲ့လူတောင်သူ့ကိုကြိုက်မဲ့သူမရှိတာ......."

"စကားမပြောတတ်ရင်ပါးစပ်ပိတ်ထား" လူလိမ်ကပြောတယ် "နောက်တစ်ကြိမ်ထပ်ခေါ်ရင် ဒီနေ့ညမှာပဲ မင်းသွားတွေအကုန်လုံးကိုဖြုတ်ပေးမယ်"

လက်ထောက်ရယ်နေတာများ သွား‌ရည်တောင်နင်သွားသည်။

လင်ဝူယွီလည်း ရယ်မိမှာကိုထိန်းထားရသည်။

ယုံကြည်ချက်လွန်ကဲသောWhere stories live. Discover now